❣️ Part-36 ❣️

2.4K 207 34
                                    

Bangtan boysရဲ့ နောက်ထပ် ထွက်ရှိလာသည့်
Album သည် ‌ရောင်းအားအကောင်းဆုံးပင်ဖြစ်ခဲ့သည်။albumထဲတွင် ပါဝင်သည့် title song သည် billboard chartထိပင် ဝင်ခဲ့သည်အထိ
အောင်မြင်ခဲ့သည်။ဆွတ်ခူးခဲ့သော ဆုတံဆိပ်များသည်လည်း နိုင်ငံတွင်းသာမက အနောက်နိုင်ငံတွေအထိ ဆုပေးပွဲများ တက်ရောက်ခဲ့ရသည်။

ယခု fanmeeting ပြုလုပ်နေခြင်းဖြစ်သည်။
အများထဲမှ ‌အယောက် တစ်ရာသာ ရွေးချယ်ခဲ့ပြီး memberတစ်ယောက်နဲ့ ငါးမိနစ်သာ စကားပြောခွင့်ရခြင်းဖြစ်သည်။မနက်ကတည်းက စခဲ့သော fanmeeting သည်
ယခု မွန်းလွဲပိုင်းအချိန်ထိ မပြီးသေးပေ။jungkook နောက်တွင် ကျန်နေသေးသော
ပရိသတ်များကို ကြည့်ပြီး နာရီတစ်ချက် ကြည့်လိုက်သည်။နေ့လည်စာ စားချိန်ပင် ကျော်နေပေပြီ။jimin ဆီကိုလည်း ဒီနေ့တစ်နေ့လုံး
ဖုန်းပင် မခေါ်ရသေးပေ။အခုချိန်ဆို jiminလည်း
ကော်ဖီဆိုင်တွင် ရှိနေမည်ထင်သည်။ချစ်ရသူဆီ
စိတ်ရောက်သွားတော့ လွမ်းဆွတ်ကာ ပြေးတွေ့ချင်စိတ်တွေက ပေါ်လာပြန်သည်။သို့သော်
ပရိသတ်များ ရှိနေဆဲမို့ မပြီးမချင်း သူသွားလို့မရသေးပေ။fanmeeting ပြီးရင်တော့ jiminဆီ သွားဖို့ သူတွေးထားသည်။

"Hello "

ကိုယ့်ဆီ အလှည့်ရောက်လာသော
ပရိသတ်တစ်ဦးကြောင့် တွေးလက်စကို ရပ်လိုက်တော့သည်။အရင်ဆုံး မြင်လိုက်ရသည်က
နေဗီပြာရောင် ဆံနွယ်များပင်။

"ဟုတ်ကဲ့ ။ခုမှ fanmeeting ကို လာဖူးတာလား?"

"ဟုတ်တယ်။ Angela က နိုင်ငံခြားကနေ ပြန်ရောက်တာ မကြာသေးဘူး။အဲ့တာ ရောက်ရောက်ချင်း jeonတို့ fanmeeting ရှိတာသိလို့
ဝင်ပါခဲ့တာ။ကံကောင်းတယ်ပြောရမလား?
Angela အရွေးခံခဲ့ရတယ်လေ "

"ဪ ဟုတ်ကဲ့ "

Jungkookသူ့ကို သုံးနှုန်းလိုက်သည့် 'jeon'ဟူသော နာမ်စားကြောင့် တစ်မျိုးဖြစ်သွားပေမယ့် fanတစ်ယောက်က ခေါ်ခြင်းဖြစ်တာမို့
စိတ်ထဲ ကြာကြာမထားတော့ပေ။

"ဟို Jungkook ကို Angela  'jeon 'လို့
ခေါ်လိုက်တာ ရတယ်မလားဟင်?တခြားနာမည်တွေကျလည်း မခေါ်ချင်လို့ "

"ရပါတယ်ဗျ"

"ကျေးဇူးပါ။jeonက အပြင်ဘက်မှာ
ပို ကြည့်ကောင်းတာပဲ "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now