❣️ Part-5 ❣️

3K 282 11
                                    

ပထမစာသင်ချိန်ပြီးလို့ jimin အကြောဆန့်ကာ နောက်သင်မယ့်ဘာသာ အတွက်
လွယ်အိတ်ထဲမှ စာအုပ်အားထုတ်ရန် ပြင်လိုက်သည်။

ဒုန်းးးးး

မိမိခုံပေါ်သို့ အားပြင်းပြင်း ရိုက်ချလာသော
လက်ဖဝါးတစ်စုံကြောင့် ခန္ဓာကိုယ်လေးပင်
တုန်သွားကာ အလန့်တကြား သူ မော့ကြည့်မိသည်။

"Jungkook"

"မင်း လိုက်ခဲ့! "

လွယ်အိတ်ထဲ စာအုပ်ယူနေလျက် လက်စဖြစ်သော jimin လက်တစ်ဖက်အား ဆွဲကာ
ထိုင်ခုံမှ ထစေပြီး ဆွဲခေါ်သွားသော jungkookနောက်သို့ ခြေလှမ်းများမှီအောင်
လိုက်ရသည်။

"အ့.... Jungkook !...ခန!... ငါ့လက် နာ-"

"ပါးစပ်ပိတ်ထား ...Park jimin!"

အံကြိတ်သံနဲ့ လှည့်ပြောလာသော
Jungkook မျက်လုံးတို့ဟာ အရမ်းစူးရဲနေသည်။jungkookဒီလို ဒေါသထွက်သည်ကို သူမမြင်ဖူးပါ။ကြောက်လည်း ကြောက်မိသလို အခြားစာသင်ခန်းရှေ့တွေက ဖြတ်သွားရသည်မို့ ဒီလို အခြေအနေအား ရှက်မိပါသည်။

ကျောင်း ‌ခေါင်မိုးထပ်ရောက်သည်အထိ
လွှတ်မပေးသေးသော jungkookကြောင့်
Jimin တကယ်ပင် လက်ကောက်ဝတ်အဆစ်နေရာက နာကျင်နေပြီဖြစ်သည်။

"Jung- Jungkook ငါ့လက်-"

လက်ကလည်း တကယ်နာနေပြီမို့
မရဲတရဲလေး သူပြောလိုက်တော့
ဆုပ်ကိုင်ထားသော လက်ကို တစ်ချက်ကြည့်ကာ ဖြုတ်ချပစ်လိုက်သည်။

"အ့"

အားနဲ့ လွှတ်လိုက်တာမို့ နာသွားသော
အဆစ်နေရာကြောင့် ထိုနေရာလေးအား
အခြားလက်တစ်ဖက်ဖြင့် ဖိကိုင်ထားရင်း
Jungkookမျက်နှာကို ကြည့်မိတော့
သူ့ကိုကြည့်မလာသေးဘဲ ဒေါသစိတ်ကို
ထိန်းနေရသော jungkookမျက်နှာက
အရမ်းခက်ထန်နေသည်။အသက်ရှူသံ ပြင်းပြင်းတွေကြောင့်လည်း Jungkook ရဲ့ ရင်ဘတ်အစုံဟာ နိမ့်ချည်၊မြင့်ချည်ဖြစ်နေသည်။jungkook ဘာကို ဒေါသဖြစ်နေသည် သူမသိ။သူ့နဲ့ သက်ဆိုင်နေသည်လားဆိုတာကိုလည်း သူ သေချာမသိ။
သူသေချာသိတာကတော့ Jungkook
စိတ်ရှုပ်အောင်၊ဒေါသထွက်ရလောက်တဲ့အထိ သူ ဘာတစ်ခုမှ ကျူးလွန်မထားပါ။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now