❣️ Part-30 ❣️

2.8K 210 15
                                    

ရက်ကို လစား၊လကိုနှစ်စားလို့
မောင် LAကို သွားခဲ့သည့် တစ်နှစ်ဆိုသည့် အချိန်သည် ကုန်ဆုံးသွားခဲ့ပြီပင်။ပညာတွေ ဆုံးခန်းတိုင်အောင် သင်ခဲ့ပြီးပြီမို့ ရှေ့ဆက် မောင်
တောက်ပနေရမည့် အချိန်များသာ ကျန်တော့သည် ။ယနေ့ မောင် သူ့ဆီကို ပြန်လာမည့်ရက်ပင်။

လေဆိပ်တွင် jimin လာစောင့်နေသည်မှာ
နေ့လည် ကတည်းကပင် ဖြစ်သည်။မောင်စီးလာသော flightသည် ညနေခင်းအချိန်တွင် ဆိုက်ကပ်မည်ဖြစ်သော်လည်း ဆန္ဒစောကာ jimin ထွက်ခဲ့ခြင်းပင်။

Seokie သည် အစက အဖော်လိုက်ခဲ့မည်ပြောခဲ့သော်လည်း သူ့အဖေ၏ ကုမ္ပဏီတွင် ဧည့်သည်များနဲ့ တွေ့ဆုံပွဲရှိသည်ဆိုသောကြောင့် နေခဲ့သည်။jiminကို တစ်ယောက်ထဲ လွှတ်လိုက်ရသည်မို့ seokie ရင်ထဲ စိတ်မကောင်းဖြစ်နေသောကြောင့် jiminမှာ နှစ်သိမ့်ပေးခဲ့ရသေးသည်။အချိန်တွေသာ ပြောင်းလဲသွားသည်။seokieသည် သူ့အပေါ် အလေးထားတုန်းပင်။

ယခုဆိုရင် သူတို့သုံးယောက်လုံးလည်း
အထက်တန်းအောင်ပြီးကြပြီဖြစ်သည်။မောင်နဲ့ hoseok သည် ဂုဏ်ထူး နှစ်ဘာသာပါခဲ့သည်။
Jiminကတော့ ငါးဘာသာ အထိပါခဲ့ပြီး
ဆေးအမှတ်ထိ မှီသော်လည်း စီးပွားရေးသာ
စိတ်ဝင်စားသည်မို့ စီးပွားရေးတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည်။jiminရွေးချယ်မှုအပေါ်လည်း မေမေသည် အပြည့်အဝနားလည်ပေးခဲ့သည်။
မိဘတစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ အတ္တကို မေမေသည် jimin အပေါ်မထားခဲ့ပေ။
ငါ့သားက ဆေးကျောင်းတက်ကိုတက်ရမယ်ဆိုတဲ့ အတ္တကို မေမေ့ဆီမှာ မတွေ့ခဲ့ရပေ။ထို့အတွက် jimin ပျော်မိသည်။

Seokie သည်လည်း စီးပွားရေးတက္ကသိုလ်ကို
တက်ခွင့်ရခဲ့ပြီး သင်ကြားရမည့် ဌာနချင်းသာ
ကွာသွားမည်ဖြစ်သည်။jungkookကတော့
LA က ပြန်လာသည်နှင့် သူ့ရဲ့ member များနဲ့ အတူ စပွဲဦးထွက်မည်ဖြစ်သည်။idolလုပ်ရင်းနဲ့
ကျောင်းဆက်တက်မယ်လို့ ပြောထားသည်မို့
ဘဝအာမခံချက် ရပြီးသားမောင့်အတွက်
Jimin ပူစရာမလိုတော့ပေ။

LAမှ လေယာဉ် ဆိုက်ကပ်ကြောင်းကြေညာသည်နှင့် jimin ခုံတန်းလေးပေါ် ထိုင်နေရာမှ မတ်တပ်ရပ်ကာ ရှေ့သို့ တိုးသွားမိသည်။အလျှိုလျှိုထွက်လာကြသည့် လူတွေကြား မောင့်ကို အမိအရ ရှာနေမိသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now