❣️ Part-38 ❣️

2.2K 196 39
                                    

Practice room ထဲ ကကွက်အသစ်များကို
လေ့ကျင့်နေကြသော Bangtan boysရဲ့
Memberများသည် အပြင်းအထန် ကြိုးစားနေကြသည်။stageပေါ်တွင် သူတို့ရဲ့ ပရိသတ်များအား အကောင်းဆုံးတွေကိုသာ ချပြချင်သည့်အတွက် သူတို့အနေနဲ့ ကြိုးစားပြီးရင်း
ပိုကြိုးစားကြရသည်။သူတို့ကို အားပေးနေသည့်
ပရိသတ်များ အားပေးရတာနဲ့ တန်အောင်၊
သူတို့အတွက် နေ့မနား၊ညမနား voteတွေ ပေးခဲ့ပြီး ဆုတွေ အသီးသီး ယူရအောင်၊သူတို့ သီချင်း
အသစ်ထွက်တာနဲ့ goalsပြည့်အောင် platform အသီးသီးကနေ streamပေးကြသည့် ပရိသတ်များ ဂုဏ်ယူရအောင် သူတို့ အသစ်အသစ်တွေကို လေ့လာပြီး ပရိသတ်တွေရှေ့ ချပြပေးမည်။

"အားလုံး နေ့လည်စာ
စားကြရအောင်!"

မန်နေဂျာက လာပြောသည်မို့
Jungkookတို့လည်း ဖုန်းကိုယ်စီယူကာ
Practice room ထဲက ထွက်ပြီး
Dining Room ထဲသို့ ထွက်လာခဲ့ကြသည်။

စားဖွယ်မျကို စားပွဲရှည်နဲ့ ခင်းကျင်းထားခြင်း
ဖြစ်သည်။memberတွေလည်း စားပွဲရှည်၏ တစ်ဖက်တစ်ချက်မှာ ရှိသည့် ထိုင်ခုံများတွင်
နေရာယူလိုက်ကြသည်။

"ဟော! Jungkook တို့ပါ ရောက်နေတာကိုး "

အန်ကယ် လီမင်ဂျယ်ရောက်ရှိလာခြင်းကြောင့်
သူတို့လည်း မတ်တပ်ရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

"အန်ကယ်က ကျွန်တော်တို့နဲ့ တူတူစားမလို့လား?"

"အန်ကယ်က မဆာသေးပါဘူး။
သမီးလေ။သူက ဗိုက်ဆာနေပြီဆိုတာနဲ့
ဒီကို လိုက်ပို့လိုက်တာ "

"ဪ "

Jungkookလည်း ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်တွင်တော့ နေ့လည်စာအတွက်
ပြင်ဆင်ပေးထားသော ဝက်သားနံရိုးကင်နဲ့
ထမင်းဖြူ၊အရွက်သုပ်၊ဟင်းချိုရည်တို့ကိုသာ
မြိန်ရေယှက်ရေ စားဖို့ပြင်တော့သည်။

"ဟယ်!jeon ရောက်နေတာလား ?"

Angela၏ အသံကြားသည်ကြောင့်
Jungkookလည်း စားနေရာမှ မော့ကြည့်မိသလို
အခြား memberများလည်း ကြည့်မိကြသည်။

သူ့အား ဦးတည်နှုတ်ဆက်လာသော
Angela အား Jungkook ခေါင်းသာ ငြိမ့်ပြလိုက်ပြီး အစားကိုသာ ပြန်အာရုံစိုက်လိုက်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now