❣️ Part-34 ❣️

2.2K 210 18
                                    

ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေမို့ သံယောဇဉ်ကတော့ အတိုင်းအတာတစ်ခုအထိ အလွန်ကြီးပါသည်။ seokie သည်
လူငယ်ဘဝတွင် အေးအေးဆေးဆေးနေချင်သေးသော်လည်း ဘဝတက်လမ်းအတွက် ယခုအချိန်ကတည်းက ပုံစံသွင်းပေးနေသော အဖေဖြစ်သူကြောင့် သူတို့နဲ့ တွေ့ရမည့်အချိန်ပင် သိပ်မရှိတော့ပေ။

ထို့နောက် seokie နဲ့ ကျောင်းကိစ္စများ တိုင်ပင်ဖြစ်ကြသည်။seokieက ကျောင်းအသွား၊အပြန်ကို သူနဲ့တူတူသွားမည်ဟုပြောထားသည်။နေ့လည်စာ စားချိန်တွင်လည်း သူနဲ့ တူတူ စားဖို့လည်း ပြောထားသည်။အထက်တန်းကျောင်းသားလို ပြုမူနေဆဲဖြစ်သော seokie အား
Jimin ပြုံးကာပင် ကြည့်မိတော့သည်။

"Jungkookရော အဆင်ပြေတယ်မလား?
သူ့အောင်မြင်မှုတွေကတော့ နေ့တိုင်းကြားနေရတော့တာပဲ"

"အင်း သူ အဆင်ပြေပါတယ် "

"ငါတို့သုံးယောက်လည်း မဆုံဖြစ်တာကြာပြီနော် "

"အလုပ်ကိုယ်စီနဲ့ကို seokie ရ။မင်းလည်း မင်းအလုပ်နဲ့မင်း၊ငါလည်း ငါ့ရဲ့ အလုပ်တွေနဲ့ငါ ၊
Jungkook လည်း သူ့ရဲ့ သီချင်းတွေ၊အကတွေနဲ့ပဲ လုံးပန်းနေရတော့ အားတဲ့ချိန်က မရှိသလောက်ရယ်"

"တွေ့ဖြစ်ကြတယ်မလား?"

"အင်း မနေ့က သူ အလည်လာသေးတယ် "

"မတွေ့ဖြစ်လည်း ဖုန်းလေးနဲ့ အလွမ်းဖြေကြပေါ့ကွာ"

"အားတဲ့ချိန်တော့ သူ ဖုန်းဆက်ပါ့မယ်တဲ့ "

"Jungkook က မင်းကို ချစ်ရှာပါတယ် "

"အင်း ငါ့မေတ္တာတွေ စစ်မှန်ခဲ့လို့ထင်ပါရဲ့ "

ဘဝအကြောင်းများပြောရင်း ရင်မောရသလို
Jimin နဲ့ jungkook ရဲ့ အကြောင်းကို ကြားရတော့လည်း ဆွေးရသည်။

အချိန်တစ်ခုရောက်တဲ့အခါ Jungkook နဲ့ မင်း ခွဲနေစရာမလိုတော့ပါဘူး jimin။

Jungkook နဲ့ ပတ်သက်ရင် အရမ်းအသည်းငယ်တတ်သော၊ခံစားလွယ်သော သူငယ်ချင်းအတွက်
Hoseok စိတ်ပူရသည်။သူကိုယ်တိုင် ရွေးပေးခဲ့တဲ့ လမ်းမို့ သူ့ဘက်က တင်းခံထားမှန်းသိသည်။

Hoseok မှတ်မိပါသေးသည်။jungkookတို့
Debutပြီး မကြာ social ပေါ်တက်လာသည့် သတင်းများသည် jimin စိုးရိမ်စိတ်တွေ များခဲ့ရပုံပေါ်သည်။ရုပ်ရည်ရော၊အရည်အချင်းပါ ပြီးပြည့်စုံနေသော jungkookသည် လူငယ်မိန်းကလေးများကြားတွင် အလွန်ရေပန်းစားသည်။မော်ဒယ်၊ရုပ်ရုင်မင်းသမီးများကပါ
Interview များတွင် Jungkook အပေါ် crushနေကြောင်း ဝန်ခံခဲ့ကြသည်။shipperတွေရဲ့
မဟုတ်မဟတ် သတင်းများလည်း ပေါ်ပေါ်လာသည်မို့ jimin စိတ်ပင်ပန်းခဲ့သည်ထင်ပါသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now