❣️ Part-6 ❣️

3K 270 4
                                    

"အ့"

ရေနဲ့ထိသွားတော့ စပ်ဖျင်းဖျင်းဖြစ်သွားသော ပခုံးက ဒဏ်ရာကြောင့်
Jimin အသံပင်ထွက်မိသွားသည်။
ထိုဒဏ်ရာဆီ လက်ကတို့ထိမိရင်း
ပြန်ကြားယောင်လာတဲ့ jungkookရဲ့
စကားလုံးလှလှလေးတွေ။

တောင်းပန်စရာမလိုဘူး။

မနေနိုင်လို့ ဝင်ပါတာ ခံပေါ့။

မင်းကတော့ ဘာရယ်မဟုတ် ပြောလိုက်ပေမယ့် ငါ့အတွက်ကတော့ နှလုံးသားထဲရော ၊
ဦးနှောက်ထဲပါ စွဲနေအောင် မှတ်မိနေတယ်
Jungkook။မင်းနဲ့ ပတ်သက်သမျှ အရာအားလုံး ငါ တစ်ခုတစ်လေမှ မေ့ပျောက်မထားနိုင်ခဲ့ဘူး။အတိတ်မှာရော၊အခုပစ္စုပ္ပန်မှာရော၊အနာဂတ်မှာလည်း မင်းနဲ့ ပတ်သက်ရင်
ငါက အမှတ်သည်းခြေကြီးတဲ့သူ ဖြစ်နေဦးမယ်ထင်ပါရဲ့။

ရေချိုးပြီးပြီးချင်း bathrobe လေးခနဝတ်ကာ မွေ့ယာလေးထက်ထိုင်ပြီး
မနေ့က ကျောင်းဆေးခန်းက ဆရာဝန်ပေးလိုက်သော လိမ်းဆေးလေးအား ယူကာ
မိမိဘာသာ လိမ်းလိုက်သည်။မနေ့ကလောက်
မဆိုးတော့ပေမယ့် ထိမိတိုင်း စပ်ဖျင်းဖျင်းနဲ့
နာသွားတတ်တာမို့ သူ ဂရုစိုက်နေရသည်။

ကျောင်းဝတ်စုံအား ဂရုစိုက်ဝတ်ကာ
အောက်ထပ်သို့ ဆင်းလာလိုက်တော့
မနက်စာ ပြင်နေသော မေမေ့အား
နောက်မှ သိုင်းဖက်ရင်း မေမေ့ပါးပြင်အား
တစ်ချက် မွှေးကြူလိုက်သည်။

"မောနင်း မေမေ "

"သားနိုးလာပြီလား
သွား ခုံမှာ ထိုင်။မေမေ ပြင်ခဲ့မယ် "

"ဟုတ် "

ခုံမှာ ထိုင်လိုက်ရင်း
မေမေပြင်ပေးသော မနက်စာကို
စောင့်ကာနေလိုက်သည်။မကြာ
ခေါက်ဆွဲရေစိမ်နဲ့ အသားချောင်းကြော်လေးတွေထည့်ထားသော ပန်းကန်တွေအား
လာချပေးသည်။jiminမျက်လုံးလေးများ
လက်သွားကာ မေမေ့မျက်နှာအား
ကြည့်မိတော့ မေမေကလည်း ပြုံးကာ ပြန်ကြည့်နေသည်။ထိုအကြည့်တွေထဲမှာ "သား
အကြိုက်တွေမလား"ဆိုသည့် အဓိပ္ပာယ်လည်း ပါနေသည်။

Jimin မိခင်ဖြစ်သူအား
သွားလေးတွေ ပေါ်အောင် ရယ်ပြပြီး
မနက်စာကို အားပါးတရ စစားတော့သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now