အထက်တန်းနောက်ဆုံးနှစ်တွေအတွက်
ဒုတိယနှစ်ဝက် စာမေးပွဲကြီး ဖြေသည့် နောက်ဆုံးရက်သို့ပင် ရောက်ခဲ့လေပြီ။နှစ်စကတည်းက
စာကို ပုံမှန်လုပ်ခဲ့သော ကျောင်းသားများကတော့ ပြုံးရယ်ကာ ထွက်လာနိုင်ခဲ့ကြပေမယ့်၊
စာမနိုင်ခဲ့သော ကျောင်းသားအချို့မှာ မအီမလည်မျက်နှာများနဲ့သာ စာမေးပွဲဖြေခန်းထဲမှ ထွက်လာခဲ့ကြသည်။စာမေးပွဲဖြေရသည့် အခန်းများက မတူတော့သည်မို့ jiminဖြေပြီးသည့် နောက်တွင်တော့
စာသင်ဆောင်ရှေ့က သစ်ပင်လေးအောက်တွင်
Hoseokနဲ့ jungkookကို ရပ်စောင့်နေလိုက်သည်။"Jimin "
"Hyung !"
Yoongi hyung ကို တွေ့သည့် အချိန်တွင်တော့
အားနာသည့် စိတ်များ ဝင်လာတော့သည်။"ဖြေနိုင်ရဲ့လား ?"
"ဟုတ် ဖြေနိုင်ပါတယ် "
"Jiminက တော်ပြီးသားပဲဟာ "
"မဟုတ်တာ "
Hyungဘက်က ငြိမ်နေသည်မို့
ထိုနေ့က jungkookလုပ်သည့် လုပ်ရက်အတွက်
သူ တောင်းပန်ရတော့သည်။"ကျွန်တော် အဲ့နေ့က jungkookအစား
တောင်းပန်ပါတယ် ""ရပါတယ် ။ကိုယ့် စိတ်ထဲမရှိပါဘူး"
"ကျေးဇူးပါ hyung"
သူ့ရှေ့ကနေ ဖြူစင်စွာ ပြုံးပြနေသော
ကောင်လေး၏ အပြုံးများကိုသာ yoongi ငေးကြည့်နေမိသည်။မင်းမျက်လုံးထဲမှာ ကိုယ့်အတွက်ဆိုပြီး ဘာအရိပ်အယောင်မှကို ရှိမနေခဲ့ဘူးပဲ။"Jungkookနဲ့က တကယ်ပဲလား ?"
အံ့ဩသွားသလို မျက်လုံးလေးပြူးကာ
ကြည့်လာပြီး"အာ ဟုတ် ဟုတ်ပါတယ် "
"ကိုယ့်အတွက် ဝမ်းနည်းစရာပဲပေါ့ "
"Hyung"
"ကိုယ် အဆင်ပြေပါတယ်။အချစ်တစ်ခုကို
လက်ခံမှရမယ်လို့ ကိုယ် သတ်မှတ်မထားပါဘူး။
ကိုယ်သဘောကျရတဲ့သူရဲ့ အချစ်ကိုပဲ လက်သင့်ခံရမှာပဲလေ။jimin မမှားပါဘူး ""......."
Hyungကို အားနာသည့် စိတ်ကြောင့်
မျက်နှာချင်းပင် မဆိုင်ရဲတော့ပေ။
![](https://img.wattpad.com/cover/333405930-288-k103503.jpg)
STAI LEGGENDO
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်