❣️ Part-8 ❣️

3.1K 289 16
                                    

‌အခန်းတံခါးခေါက်သံကြားတာမို့
Jungkook အမြန်ပင် ဖွင့်လိုက်သော်လည်း
ထင်တဲ့သူ မဟုတ်တာကြောင့်
မျက်မှောင် ကြုံ့မိသွားသည်။

စိတ်ထဲအလိုမကျနေသော်လည်း
ကိုယ့်ကိုကိုယ်ပြင်ကာ

"ဘာကိစ္စရှိလို့လဲ?"

jungkook၏ ခပ်တည်တည်အမေးကို
Hoseokလည်း ပုံမှန်အနေအ‌ထားနှင့်သာ
ဖြေလိုက်သည်။jungkookဆီက ရတဲ့
ယမကာအနံ့ကြောင့် hoseok နှာခေါင်းတစ်ချက် ရှုံ့မိကာ

"မင်း သောက်ထားတာလား?"

"အင်း "

"Jimin -"

စကားကို ဆက်မပြောဘဲ
Jungkook မျက်နှာကို တစ်ချက်ကြည့်မိတော့ တည်တံ့စွာသာ ကြည့်နေသည်။

"ငါ့ဆီ ရောက်လာတယ် jiminက"

"အင်း ...အဲ့တာ ဘာဖြစ်လို့လဲ?"

Hoseok စိတ်ထဲတွင် တင်းသွားသော်လည်း
ဘာမှ တိတိကျကျ မသိရသေးသော အခြေအနေမို့ စိတ်ကို လျှော့ချလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။သူက ငါ့အခန်းမှာ
အိပ်မယ်ဆိုလို့ ။ငါ ဒီအခန်းလာတာ "

"အင်း "

ထိုသို့သာ ဖြေပြီး ရေချိုးခန်းထဲ ဝင်သွားသော Jungkookကို ကြည့်ကာ hoseok အံတင်းတင်းသာ ကြိတ်ထားရသည်။သူ့စိတ်အတိုင်းဆိုပေါက်ကွဲလိုက်ချင်ပေမယ့် jimin မျက်နှာကြောင့် သူချုပ်တည်းထားရသည်။

ဒေါသကို သက်ပြင်း‌ မော တစ်ခု အဖြစ်
သတ်မှတ်ပြီးနောက် သူသည်လည်း လွတ်နေသော အခြားကုတင်ပေါ်ကိုသာ အိပ်လိုက်တော့သည်။

အေးစက်သော ရေစက်များက
ခန္ဓာကိုယ်အနှံ့ဖြတ်စီးသွားသည်။ဖြစ်ခဲ့သော
အဖြစ်အပျက်များကို ပြန်တွေးမိတော့
သူလုပ်ခဲ့သော သူ့လုပ်ရပ်ကိုပင် သူမယုံနိုင်ဖြစ်ရသည်။

Jimin ကို ဒေါသထွက်မိသည်မှန်သော်လည်း
ထိုမျှထိ လုပ်ဖို့ မတွေးခဲ့ပါ။အခုတော့ jiminအပေါ် သူလုပ်လိုက်သည့် အရာက
ဆိုးဝါးတာကိုလည်း သူသိသည်။သူ့ဘက်က
မှားတာကိုလည်း ဝန်ခံပါသည်။

ထိုအတွက် သူ jiminကို
တောင်းပန်ရမည်။

သို့သော် စိတ်လွတ်စွာ နမ်းမိခဲ့သော
ထိုနှုတ်ခမ်းဖူးများထံတော့ စိတ်ရော၊ကိုယ်ပါ
နစ်ခဲ့သည်ကိုတော့ သူ ဝန်မခံချင်ပါ။ယမကာ အရှိန်ကြောင့်လည်း ပါ ပါလိမ့်မည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now