❣️ Part-40 ❣️

2.6K 196 38
                                    

Seoul မြို့ရဲ့ နာမည်ကြီးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သော Lotte World Adventure သည် ရွယ်စုံ၊sizeစုံ တွေ့မြင်နိုင်သော ကစားကွင်းဖြစ်သည်။အများစုလာရောက်ကြသည်ကတော့
ကျောင်းသားများပင်ဖြစ်သည်။ကျောင်းသားများလို့ အဘယ့်ကြောင့် သိနိုင်သလဲဆိုတော့
အမှန်စင်စစ် ကျောင်းသားအစစ်များ ပါသော်လည်း ၊တချို့ကျောင်းပြီးထားကြသူများကပါ ထို Lotte World ကို လာလျှင် ဝတ်စုံဝတ်ကာ
လာကြခြင်းကြောင့် အကုန်လုံးသည် ကျောင်းဝတ်စုံနှင့် ကျောင်းသားများလို့ပင် ထင်ကြခြင်းဖြစ်သည်။အမှန်တကယ်တော့ ဒီနေရာလေးသည်
ငယ်ဘဝကို ပြန် တမ်းတစေနိုင်တဲ့ နေရာလေးတစ်ခုပဲမလား?

Jiminတို့လို ကျောင်းပြီးထားကြသူများအနေနဲ့
တူညီ uniform ဝတ်စုံလေးများကို အထက်တန်းပြီးကတည်းက နှုတ်ဆက်ခဲ့ကြရသည်။အခုနေ ပြန်ဝတ်လို့ရတောင် ခံစားချက်ခြင်း မတူညီကြတော့ပေ။ထို့ကြောင့် ငယ်ရွယ်စဉ်က ဝတ်ခဲ့သည့်
Uniform ဝတ်စုံလေးများကို တွေ့တိုင်း jimin အရင်က အချိန်များကို လွမ်းဆွတ်မိသည်။

လူသူများတဲ့ နေရာ လာရခြင်းဖြစ်တာကြောင့်
Jeonသည် mask တပ်ထားကာ ဦးထုပ်လည်း
ဆောင်းထားသည်။jiminကတော့ mask သာ တပ်ထားပြီး ဦးထုပ်ဆောင်းထားခြင်းမရှိပေ။

"ဝတ်စုံ ဝယ်ဦးမလား?"

ကျောင်းဝတ်စုံလေးများ ချိတ်ထားသော
စတိုးဆိုင်လေးကို ညွှန်ပြကာ မေးလာသည်မို့
Jimin ခေါင်းလေး တဆတ်ဆတ်သာ ငြိမ့်ပြလိုက်သည်။သူလည်း ကျောင်းဝတ်စုံလေးကို လွမ်းနေမိလို့ပင်။ဝတ်စုံများသည် ငှားလို့ရသော်လည်း
မောင်ကတော့ အသစ်နှစ်စုံကို ဝယ်ဖို့ ပြောခဲ့သည်။

အရင်တုန်းက သူတို့ ကျောင်းဝတ်စုံလေးနဲ့
မတူညီသောငြား ဆင်တူသယောင်ရှိသော
ဝတ်စုံနှစ်ခုကို ရွေးကာ billရှင်းကာ
လဲခဲ့ကြသည်။

Lotte World ၏ ဂိတ်ပေါက်ဝကနေ ဝင်လိုက်သည်နှင့် သူတို့နည်းတူ ကျောင်းဝတ်စုံများနဲ့
လူအများစုကို တွေ့ရတော့သည်။ကလေးသူငယ်၊လူငယ်၊လူရွယ်၊လူကြီးများအပြင် နိုင်ငံခြားသားများပါ တွေ့ရသည်။

Jungkookသည် လူများသောကြောင့်
လူစုမကွဲစေရန် jimin လက်ဖဝါးသေးသေးလေးကို ဆုပ်ကိုင်ကာ ရှေ့မှ ဦးဆောင် ခေါ်သွားသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now