❣️ Part-33 ❣️

2.6K 180 13
                                    

"မောင့်     အတွက်ပါပဲ"

"ဒါဆို မောင်ပိုင်တယ်ပေါ့ "

"အစကတည်းက ငါက မောင့်အပိုင်ပါပဲ "

" မောင့်အပိုင်ဖြစ်တဲ့ မင်းကို မောင့်စိတ်ကြိုက်
ချစ်လို့ရတယ်ပေါ့ "

"........"

မျက်လုံးချင်းဆိုင်ကာ မေးလာသည့်အခါတွင်တော့ jimin နှုတ်ခမ်းလွှာများ ပွင့်မလာရဲပါ။

"ပြောလေ!မောင့် စိတ်ကြိုက် ချစ်လို့ရလားလို့?"

စက္ကန့်ပိုင်းလောက် အချိန်ယူပြီးနောက်
ခေါင်းငြိမ့်ပြမှုနဲ့အတူ အသံသေးသေးလေးပါ
ကြားလိုက်ရသည်။

"အင်း"

မိမိမျက်ဝန်းများအား စိုက်ကြည့်နေသော
မျက်နှာဖူးဖူးလေးအား လက်ညှိုးဖြင့် အနည်းငယ် မော့စေလိုက်သည်။

"မောင့်ကိုပဲကြည့် "

မောင်သည် နဖူးပြင်လေးအား ငြင်သာစွာ စနမ်းသည်။နောက် မျက်ခွံလေးများနဲ့အတူ မျက်လုံးအိမ်လေးများကို ဖွဖွလေးနမ်းလာသည်။
ပါးပြင်နှစ်ဖက်ကို မောင့်နှာခေါင်းလုံးလုံးလေး နစ်ဝင်သည်အထိ မြတ်မြတ်နိုးနိုး နမ်းရှိုက်လာသည့် အချိန်မှာတော့ jimin ရင်ခုန်နှုန်းတွေကြောင့် လက်သီးဆုပ်လေးများ ဆုပ်ကာ မျက်ဝန်းတို့မှေးချကာ နောက်ဆက်တွဲအနမ်းများကို မျှော်လင့်နေလိုက်သည်။jimin နှာတံသေးသေးလေးအပေါ်
နမ်းလာသော မောင့်အနမ်း။နှုတ်ခမ်းဖူးတစ်စုံအား ဖိကပ်ရုံမျှ နမ်းသည်။မေးစေ့လေးအား
နှုတ်ခမ်းပါးတစ်စုံက နောက်ဆုံးအနေနဲ့နမ်းပြီး
မောင့်မျက်နှာသည် နီးကပ်နေရာမှ ဝေးကွာသွားသလို jiminလည်း မျက်လုံးများ ပြန်လည်ဖွင့်လာသည် ။

သူ့မျက်နှာအား စိုက်ကြည့်နေရင်း
မောင်က အောက်သို့ ရို့ကာ jimin ဒူးကောက်ကွေးကနေ လက်လျှိုသွင်းကာ ပွေ့ချီလိုက်သည်မို့
jimin မောင့်ရင်ဘတ်က ချည်အင်္ကျီစလေးအား ဆုပ်ကိုင်မိထားသည်။

မွေ့ယာဆီ လှမ်းလာပြီး အသာအယာချပေးပြီးနောက် သူ့ဘေးတွင် မောင်က ဝင်ထိုင်ကာ
Jimin မျက်နှာလေးအား ကြည့်ကာ စကားဆိုလာသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now