❣️ Part-24 ❣️

2.4K 199 2
                                    

မနက်လင်းသည်နှင့် ဆိုလ်းကို ပြန်လာခဲ့လိုက်ကြသည်။အောင်စာရင်း မထွက်ခင်အချိန်ထိတော့
သူတို့ လွတ်လွတ်လပ်လပ်နေလို့ရသေးသည်မို့
နောက်ရက်မှ သူတို့သုံးယောက် မြို့ပေါ်က
နေရာတစ်ချို့ကို အလည်သွားရမည်။အခုတော့
ခရီးပန်းလာသည့်အတွက် လူက အိပ်ရေးဝဝ အိပ်ပစ်လိုက်ချင်စိတ်သာရှိသည်။

"သားတို့ ပြန်လာကြပြီ။အဆင်ပြေခဲ့ရဲ့လား ?"

ဧည့်ခန်းထဲတွင် စာအုပ်ဖတ်နေသော
မေမေသည် သူတို့နှစ်ယောက် ဝင်လာသည်နှင့်
မေးလာသည်။အထုပ်တွေကိုခနချကာ မေမေ့နားသို့ သွားထိုင်လိုက်သည်။

"ဟုတ်။ပြေခဲ့ပါတယ်။seokieအဖေက အကုန်စီစဉ်ပေးထားတယ် "

"အေးကွယ်။အ့ဆို နှစ်ယောက်စလုံး နားကြတော့လေ။ခရီးပန်းလာရောပေါ့ "

"ဟုတ် မေမေ "

"ဟုတ် "

"နေ့လည်စာ စားချိန်တော့ ဆင်းခဲ့ကြနော် "

မေမေ့အား ခေါင်းငြိမ့်ပြပြီးနောက် အထုပ်တွေကို
ယူကာ အပေါ်ထပ်သို့ တက်ခဲ့ကြတော့သည်။
အခန်းထဲရောက်သည်နှင့် အိပ်ယာပေါ်
ဗိုင်းကနဲ လဲအိပ်လိုက်သော မောင်သည်
ကားစီးလာသည့် အရှိန်ကြောင့် ပင်ပန်းနေပြီထင်သည်။

"Jungkook!ရေအရင်ချိုးလိုက်လေ ။
ပြီးမှ အိပ် "

"ကိုယ် အိပ်ချင်နေပြီ "

"အင်းအင်း အ့ဆိုလည်း အိပ်ယာထမှပဲ
ရေချိုးလိုက်တော့ "

"မင်းရော မအိပ်ဘူးလား ?"

"မအိပ်တော့ဘူး။အထုပ်တွေ ဖြည်ရဦးမယ်။
ပြီးရင် ပြန်ရှင်းရဦးမယ် အဝတ်တွေကို "

"အင်း အ့ဆို ကိုယ် အိပ်ပြီ "

မျက်လုံးမှိတ်ကာ ခေါင်းအုံးထက်အကျအန နေရာယူပြီးနောက် ခနအကြာတွင်တော့
အသက်ရှုသံမျဉ်းမျဉ်းလေးကြားရတော့သည်။

Jungkook အိပ်ပျော်သွားပြီဆိုမှ
အဝတ်ထုပ်တွေ ကိုရှင်းရတော့သည်။လျှော်ရမည့်အဝတ်များကို ရေချိုးခန်းထဲ ထည့်ထားလိုက်ပြီး ကျန်တဲ့အဝတ်များကိုတော့ ဗီရိုထဲ သပ်သပ်ရပ်ရပ်ပြန်ထည့်ထားလိုက်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now