လက်ထဲတွင် ကိုင်ထားသော
အိတ်ကလေးကိုကြည့်ကာ hoseok မယုံနိုင်သေးပေ။ကားမောင်းနေရင်း ကားရေဒီယိုမှ
ရုတ်တရက် ကြားဖြတ်အရေးကြီးသတင်း
ကြေငြာလာခြင်းသည် ဟန်မြစ်ထဲသို့ လူတစ်ယောက် ခုန်ချသွားသည်တဲ့ ။သတင်းကြားကြားချင်း စိတ်ကဘာရယ်မသိ ထိုနေရာသို့ သွားဖို့ကို
လှုံ့ဆော်ပေးနေသလိုပင်။လမ်းမထက်က LED screen ထက်တွင်လည်း လူတစ်ယောက်ခုန်ချသွားသည့် vdကို တစ်ချို့နေရာတွင် ပြသပေးနေသည်။မီးပွိုင့်ကြောင့် hoseok ရပ်ထားရာမှ
ထို screen ထက် ကြည့်မိသည်။နည်းနည်းဝေးသော်လည်း အဝတ်အစားကိုကြည့်ကာ ခန့်မှန်းလို့ရသေးသည်။ဟင်ခနဲပင် အသံထွက်မိတော့သည်။ထိုအဝတ်အစားတွေ။အဲ့တာတွေက jimin ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ တူနေသည်မလား?မျက်နှာ သိပ်မမြင်ရသော်လည်း အဝတ်အစားများကို မှတ်မိနေသော hoseok အဖို့ ထိုမြင်ကွင်းသည် ခြောက်ခြားစေသည်။မဟုတ်ဘူး။
အဲ့လိုအဝတ်အစားတွေက တစ်ထည်တည်းရှိတာမှ မဟုတ်တာ။ဆင်တူတွေရှိနိုင်တာပဲ။မဖြစ်နိုင်ဘူး။jiminက အဲ့လို အလုပ်မျိုး လုပ်မှာမဟုတ်ဘူး။ကိုယ့်စိတ်ကို ငြင်းနေမိသော်လည်း
သူ့၏ ကားလေးကတော့ ထိုတံတားပေါ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။တံတားပေါ်တွင် ရဲကားများနဲ့ လူနာတင်များကိုပါ တွေ့ရသည်။တံတားအောက်တွင်တော့ ကယ်ဆယ်ရေး boatများကို တွေ့ရသည်။နေ့ခင်းဖြစ်သည့်အတွက် အလွယ်တကူ ရှာလို့ရသော်လည်း လှိုင်းပုတ်နေခြင်းသည် သူတို့အား အချိန်ကြာစေသည်။Hoseok အဝေးကနေ ရပ်ကြည့်နေမိရာမှ
သူ့ရဲ့အာရုံကို ဖမ်းစားသွားသည်က အိတ်လေး။
ရဲသားတစ်ယောက်လက်ထဲက အိတ်လေးသည်
သူ့ရဲ့ ငြင်းဆန်ထားသည့် အတွေးများ ဖြစ်လာနေသည်ကို ပြောပြနေသည်။ဦးနှောက်သည် ခုထိငြင်းဆန်မိတုန်းပင်။အိတ်။အဲ့လိုအိတ်တွေကလည်း တစ်လုံးတည်းရှိတာမှ မဟုတ်တာ။jiminတစ်ယောက်တည်း လွယ်တာမှမဟုတ်တာ။တခြားသူတွေလည်း လွယ်ကြမှာပဲလေ။အဲ့တော့ အခြားသူလည်း ဖြစ်နိုင်တာပဲ။jimin မင်း ငါ့ကို
ရူးအောင် မလုပ်နဲ့။တားမရပါသော ခြေလှမ်းများသည်
ထိုနေရာနဲ့ အနီးနားသို့ရောက်သွားကာ
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်