❣️Part-10❣️

3.6K 281 14
                                    


ခရီးကပြန်လာပြီးနောက်တွင်တော့
ဒုတိယနှစ်ဝက်အတွက် စာစသင်ရတော့သည်။
ပထမနှစ်ဝက်က အမှတ်စာရင်းများကိုလည်း
အသိပေးလာသည်။jiminက အခန်းထဲတွင်
No-1အဆင့်ရခဲ့သည်။ပထမနှစ်ဝက်က
အဆင့်တွေကို အသုံးပြုပြီး  အဆင့်နိမ့်သူတွေက
Bခန်း၊Cခန်းတွေသို့ ဆင်းကြရသည်။B၊Cအခန်းများက အဆင့်မြင့်သူများကတော့ Aခန်းသို့ ပြောင်းလာကြသည်။ထိုအထဲတွင် hoseokလည်း
အဆင့်ကောင်းကောင်းရသည်မို့ Aခန်းသို့ ရောက်လာခြင်းကြောင့် သူအားငယ်စရာမလိုတော့ပေ။

Jungkookလည်း 1 to 10ထိ ပါသည့်အတွက်ကြောင့် အခန်းတော့ လျှောမသွားပါ။

Jiminနဲ့ ကပ်လျက် ခုံတွင်ပင်
Hoseok ထိုင်နေရင်း စာလုပ်နေသော
Jimin မျက်နှာလေးကို မသိမသာငေးကြည့်နေမိသည်။ပြတင်းပေါက်က နေရောင်ခြည်လေးက
Jiminရှိသောဘက်ကို ပိုကျရောက်လာသည်မို့
နေရောင်ခြည်အလင်းတန်းများအောက်က
မျက်နှာမို့မို့လေးက အကြည့်မလွှဲချင်စရာပင်။

‌သူကြိုးစားခဲ့တာ အရာရောက်ပါသည်။
ဒီမျက်နှာလေးမြင်ရဖို့ ပထမနှစ်ဝက်တွင်
အကောင်းဆုံးကြိုးစားခဲ့သည်။သူ့စိတ်ထဲတွင်လည်း စာမေးပွဲမဖြေခင်ကတည်းက
Jiminနဲ့ အခန်းတူကျဖို့ ပိုကြိုးစားခဲ့သည်က အမှန်ပင်။jiminက သူ့အတွက် motivation တစ်ခုလေးဆိုရင်လည်း မမှားပေ။

Jungkook လေတစ်ချက်ချွန်ကာ
အခန်းဆီလျှောက်လာလိုက်သည်။အရင်ကတည်းက စာသင်ချိန်တစ်ချို့ကလွဲ ကျန်တဲ့အချိန်များတွင် အခန်းထဲ မကပ်တတ်တာမို့ ယခုနားချိန်တွင်လည်း သူအပြင်ထွက်လည်ခဲ့ခြင်းပင်။

အခန်းအပေါက်ဝကနေ ဝင်ဝင်ချင်း
မြင်ရသည်က စာရေးနေသော jiminကို
Hoseokက ဘေးကနေ ထိုင်ကြည့်နေခြင်းပင်။
ရိုးရိုးအကြည့်မဟုတ်မှန်းသူသိသည်။hoseokကြည့်နေသော အကြည့်တွေထဲတွင် မြတ်နိုးခြင်းတွေပါသည်။မည်သူက သူငယ်ချင်းကို ထိုသို့ ကြည့်မည်နည်း။jiminအပေါ်
Hoseokက ခံစားချက်တွေရှိနေတာလား?

သူ့စိတ်ထဲတွင် တွေးလိုက်မိသော်လည်း
ချက်ချင်းခေါင်းရမ်းရင်း ထုတ်လိုက်သည်။

"ဒီလောက်ရင်းနှီးတဲ့ သူငယ်ချင်းတွေဟာကို။
အဲ့လို မဖြစ်လောက်ပါဘူး "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now