❣️ Part-12 ❣️

2.9K 270 42
                                    

အမဆူယောင်းကို သူတို့သုံးယောက်လုံး
လေဆိပ်သို့ လိုက်ပို့ဖြစ်ကြသည်။အမဆူယောင်းက သူတို့အတွက် အမအရင်းတစ်ယောက်လို
ဖြစ်တာမို့ သူတို့အနေနဲ့ အမဆူယောင်းကို
သံယောဇဉ်ရှိပါသည်။

"ကဲ အ့ဆို အမ သွားတော့မယ်။
မင်းတို့ အားလုံး ဂရုစိုက်နေခဲ့ကြနော် "

"ဟုတ် မမ"

"ဟုတ် noona"

"ဟုတ်ကဲ့ "

နောက်ဆုံးအနေနဲ့ အမဆူယောင်းအား
ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားသော
အမဆူယောင်း ကျောပြင်လေး မြင်ကွင်းထဲက
ပျောက်မှ သူတို့အားလုံးလည်း အမဆူယောင်းထားခဲ့သော driverနဲ့ အိမ်သို့ ပြန်လာခဲ့ကြသည်။

"အကိုလေးတို့ ဘယ်ကို အရင်လိုက်ပို့ပေးရမလဲ?

"ဟို jungkookကိုပဲ အရင်ပို့လိုက်ပါ
ပြီးမှ ကျွန်တော်တို့ကို ပို့ပေးပါ "

driverအား တည်နေရာ ပြောလိုက်ပြီး
သူတို့သုံးယောက်ကတော့ ကားနောက်ခန်းထဲတွင်
ထိုင်ကြခြင်းဖြစ်သည်။

Jungkookတို့ အိမ်ရှေ့ ရောက်သည်နှင့်
ကားကို ရပ်လိုက်သည်။

"ရောက်ပါပြီ အကိုလေး"

"ဟုတ် ကျေးဇူးပါ "

Driverအား ကျေးဇူးတင်ကြောင်းပြောကာ
ကားပေါ်က ဆင်းသွားသော jungkookကို
ကြည့်နေလိုက်သည်။

ခြံတံခါးဖွင့်ဝင်ခါနီးတွင် jungkookတို့ အိမ်ရှေ့တည့်တည့်ဆီ ငိုက်ကနဲ ရောက်ချလာသော
ကားတစ်စီးကြောင့် jiminလည်း စိတ်ဝင်စားစွာ
ကြည့်နေလိုက်သည်။

သူကြည့်နေတုန်းမှာပဲ ထိုကားပေါ်မှ
အနက်ရောင်ဝတ်စုံတွေနဲ့ မိုက်တိမိုက်ကန်းလို
ပုံစံများဖြင့် လူများ ဆင်းလာကြတော့သည်။

ထိုသူများက တံခါးပေါက်ဝမှာ ရှိနေဆဲ ဖြစ်သော
Jungkookအား တစ်ချက်တွန်းကာ စကားများပြောနေသည်။jungkookရဲ့ မျက်နှာမှာလည်း
ကြာလာတော့ အနီရောင် သန်းလာပြီး
ထိုသူများထဲမှ တစ်ယောက်ကို လက်သီးနဲ့ ထိုးမိလိုက်သည်။ထိုအခါ လူနှစ်ယောက်က jungkookရဲ့ နောက်ဘက်ကနေ လက်နှစ်ဖက်ကို
ချုပ်ကိုင်လိုက်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now