❣️ Part-15❣️

3K 237 8
                                    

နေ့လည်ခင်း အချိန်တွင်တော့
Jungkookကို ဧည့်ခန်းထဲတွင်ပဲ ထိုင်စေပြီး
သူနဲ့ hoseokသာ နေ့လည်စာ အတွက် ပြင်ဆင်နေကြသည်။

"Jungkook!အန်တီ့အတွက် ဂျင်ဆင်းပြုတ်ရည်လေး လုပ်ထားတယ် ။ငါ သွားတိုက်ရမလား?"

"ရတယ် ငါပဲ သွားလိုက်မယ် "

"အင်း အင်း "

Jungkookလက်ထဲသို့ လွှဲပေးခဲ့ကာ
Jimin မီးဖိုခန်းထဲသို့ ပြန်ဝင်ခဲ့တော့သည်။

"Jungkookကို သနားလိုက်တာ "

"အင်း ငါတို့လည်း ဘာမှ မလုပ်နိုင်ဘူးလေ။
အန်တီ့အခြေအနေကိုလည်း ငါတို့သိနေတာပဲ "

"အင်း ဒါမဲ့ ငါ -"

အသံလေး တိမ်ဝင်သွားကာ
မျက်ရည်များ ကျလာသော jiminက
သူ ချစ်တဲ့သူအတွက် အရမ်း စိတ်ထိခိုက်နေသည်။

ငိုကြွေးနေသော jiminကို
နှစ်သိမ့်သည့်အနေနှင့် သူရဲ့ ရင်ခွင်ထဲသို့
ထည့်လိုက်တော့ အလိုက်သင့်လေးပင် ပါလာသည်။

ဒီရင်ခွင်ကို မင်းမလိုချင်ပေမယ့်
မင်းအတွက်တော့ အမြဲတမ်းတည်ရှိနေပြီး
နွေးထွေးစေပါလိမ့်မည်။

jiminကို နှလုံးသားတစ်ခုလုံးနဲ့
ရင်းပြီး ချစ်ခဲ့သည့်အတွက်  jimin နာကျင်နေရသည့် အချိန်တိုင်း သူပါ ထပ်တူခံစားရသည်။
သူလည်း jiminကို သိပ်ချစ်ခဲ့ပါသည်။

သူသိအောင်တော့ ဘယ်တော့မှ မပြောပြဖြစ်မယ့် လူမသိ၊သူမသိ အမှန်တရားလေးတစ်ခုကို
တစ်သက်လုံး သူ စောင့်ထိန်းသွားမည်ပင်။

တစ်ချို့ချစ်ခြင်းတွေက စဖြစ်တည်လာကတည်းက ဖွင့်ပြဖို့ အခွင့်မသာခဲ့ခြင်းများလည်း
ရှိတတ်သည်။

သူလည်း ထိုသို့ပင် ~

ခွမ်းးးးးး

အပေါ်ထပ်ဆီက တစ်ခုခု လွတ်ကျသံကြောင့်
Jiminလည်း လန့်ကာ ရင်ခွင်ထဲက ထွက်မိသလို၊
Hoseokလည်း အပေါ်ထပ်သို့ မော့ကြည့်မိတော့သည်။

အပေါ်ထပ်ကနေ သွေးပျက်နေသလို
ထွက်လာသော jungkookက
အသက်ရှုနှုန်းတွေပင် မြန်နေသည်။

"ဆရာဝန်၊ဆရာဝန် ခေါ်ပေး!!"

Jungkookရဲ့ စူးကနဲ အမိန့်ပေးသံအောက်မှာတင်
Hoseokနဲ့ သူ ပျာယာခပ်ကာ hoseokက
ဆရာဝန်ခေါ်ပေးနေပြီး၊jiminကတော့ အပေါ်ထပ်သို့ ပြေးတက်ခဲ့တော့သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now