❣️ Part-22 ❣️

2.9K 207 5
                                    

သူ့ကိုယ်သူ ရည်ရွယ်လိုက်သည့် အသုံးအနှုန်းလေးသည် jimin ရင်ထဲကနေ အမြဲတစေ
ရည်ညွှန်းနေတတ်ပေမယ့် အပြင်ဘက်တွင်တော့
လက်ချိုးရေလို့ ရသည့် အရေအတွက်သာ
ခေါ်ခဲ့သော မောင်ဆိုသည့် နာမ်စားလေး။
သိပ်မြတ်နိုးမိတာပါပဲ။

စက္ကန့်ဝက်လောက် ဖိကပ်ပြီးမှ
အပေါ်နှုတ်ခမ်းလေးကို ငြင်သာစွာ
စုပ်ယူပြီးမှ အောက်နှုတ်ခမ်းလေးဆီ
ပြောင်းကာ နမ်းရှိုက်နေသော မောင့်အနမ်းများသည် ခြေထောက်တွေပင် ညွတ်ကျချင်သည်အထိပင်။ရင်ခုန်သံတွေလည်း ထိန်းလို့မရတော့ပဲ
သူ့စိတ်ကြိုက်သာ လွတ်လပ်စွာ ခုန်စေတော့သည်။ဗလောင်ဆူနေသော သူ့ရင်ခုန်သံတွေကို မောင်တစ်ယောက် မကြားပါစေနဲ့လို့သာ
ဆုတောင်းနေမိတော့သည်။

နောက်ဆုံးပိတ်အနေနဲ့ အသံလေး မြည်အောင်
နမ်းလိုက်တော့ ရှက်သွားသည့် ကိုယ်ငယ်လေးက
နောက်သို့ ရို့သွားသည်။မျက်နှာမို့မို့လေးအား
ခေတ္တငေးကြည့်နေမိတော့ မျက်လွှာချထားသည်။မြတ်နိုးမိစွာ နဖူးပြင်လေးအား
အနမ်းတစ်ချက်ခြွေပြီး အိပ်စက်ရန်
ကိုယ်ငယ်လေးကို ပွေ့ကာ ‌အိပ်ယာထက်
ခေါ်ခဲ့တော့သည်။

"Jungkook!"

"......"

လန့်သွားသည့် jiminမှာ jungkookလည်တိုင်ကို
ဖက်လျက် အလိုက်သင့်လေး ပါသွားတော့သည်။

မွေ့ယာထက် အသာချပြီး သူပါ ဝင်လှဲလိုက်ကာ

"အိပ်တော့ !မနက်ကျ လိုအပ်တာတွေ သွားဝယ်ရမယ် "

"အင်း "

မွေ့ယာထက် ဆန့်တန်းကာ ချပေးလာသော
မောင့်လက်မောင်းထက် ခေါင်းလေးတင်ပြီးနောက် လက်တစ်ဖက်က မောင့်ခါးထက်ဆီ
တင်ထားလိုက်သည်။မောင့်ရဲ့ ကျန်နေသည့် လက်တစ်ဖက်ကလည်း jiminပခုံးလေးကနေ
ဖက်ထားပေးသည်။အင်း သူ့ခန္ဓာကိုယ်လေး
နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းလေးဆီ ရောက်သွားပြီပင်။
................................................................................

Jimin မနက် နိုးလာသည်နှင့် မျက်လုံးလေးဖွင့်ကြည့်မိတော့ မောင့်ရင်ခွင်ထဲတွင် ညက အတိုင်းလေးပင် ရှိနေသေးတာမို့ သဘောကျစွာ
ပြုံးမိသည်။ညက jungkookကို စိတ်ဆိုးနေတာနဲ့ပဲ seokie ဘယ်ချိန်ပြန်သွားသည်ကို မသိလိုက်။
သူဆိုသည်မှာလည်း မောင်နဲ့ ပတ်သက်ရင်
အခြားသူများကို အာရုံမစိုက်နိုင် ဖြစ်နေသလိုပင်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now