❣️ Part-43 ❣️

2.6K 245 74
                                    

ဆေးရုံကုတင်ပေါ်တွင် လှဲနေသော
Jungkook ကိုကြည့်ကာ  taehyungလည်း
စိတ်မကောင်းပေ။ဈာပနပွဲနေ့က
မေ့လဲခဲ့ခြင်းကြောင့် taehyung ဆေးရုံသို့
ချက်ချင်းမောင်းကာ တင်ခဲ့ရသည်။တစ်ပတ်လုံးလုံး အစားပုံမှန် မစား၊အိပ်ချိန် ပုံမှန် မအိပ်ခြင်း၏ အကျိုးဆက်သည် jungkookအား
အားပျက်ကာ လဲကျစေခဲ့သည်အထိပင်။
တစ်ရက်ပင် ကျော်လာသည်ထိ သတိမလည်လာသေးသော jungkookကြောင့် taehyung တို့မှာ
စိုးရိမ်နေရသည်။ဆရာဝန်ကြီးကတော့ အားအင်ကုန်ခမ်းသွားခြင်းအတွက် အပြည့်အဝ အနားယူပြီးရင် သတိပြန်လည်လာမည်ဟု ပြောထားခဲ့သည်။

Jungkook မရှိသည့်အတွက် သူတို့အဖွဲ့ရဲ့
Group activity များကိုလည်း ရပ်နားထားရသည်။ပရိသတ်များကလည်း တစွန်းတစကြားသိနေရသော သတင်းများကြောင့် jungkookကို
စိတ်ပူနေကြသည်။entertainmentဘက်ကတော့
Jungkookရဲ့ လက်ရှိအခြေအနေကို ဖုံးကွယ်ထားကာ သူတို့အဖွဲ့သည် နောက်ထွက်မယ့် album အတွက် ပြင်ဆင်နေရခြင်းကြောင့် အဖွဲ့လိုက် လှုပ်ရှားမှုများကို ရပ်ထားခြင်းဟု ပြောထားသည်။

သတိမေ့နေဆဲဖြစ်သော Jungkook အား
သန့်ရှင်းရေးလုပ်ပေးရန် ရေဇလုံတစ်လုံးနဲ့
အဝတ်တစ်ထည်ကို ယူကာ၊ရေစွတ်ပြီး
Jungkookမျက်နှာအား သုတ်ပေးလိုက်သည်။
လက်ချောင်းများနဲ့ လည်ပင်းများကိုပါ သန့်ရှင်းလိုက်ပြီးနောက် ရေဇလုံကို ယူကာ
Toilet ခန်းထဲ ပြန်ဝင်ခဲ့လိုက်သည်။

"မောင်"

"Jiminလား?"

"မောင်ရေ...ငါခေါ်တာကြားလားဟင်?"

"မင်း ဘယ်မှာလဲ jimin ?"

"မောင်...ငါအရမ်းမွန်းတာပဲ...
ငါ့ကို လာကယ်ပါဦး ...'"

"မောင်လာကယ်မှာမို့ ...မင်း ဘယ်မှာလဲ?"

"ငါ ဒီမှာလေ ......"

မည်းမှောင်နေသော ပတ်ဝန်းကျင်သည်
အဖြူရောင် မြူခိုးငွေ့များနဲ့သာ ဖုံးလွှမ်းထားသည်။ကြားနေရသော ချစ်ရသူအသံလေးကို သံယောင်အတိုင်း လိုက်ရှာမိသော်လည်း
မတွေ့ရပေ။jungkook အသက်ရှုနှုန်းတွေ မြန်လာကာ ရင်ဘတ်အစုံဟာ နိမ့်ချည်၊မြင့်ချည်ဖြစ်လာတော့သည်။

"မောင်...ငါ့ကို လာကယ်ပါဦးဆို "

"မောင်..မမြင်ရဘူး jimin..
ဘယ်မှာလဲဟင်?"

ရင်မှာ ဒီလောက်ချစ်ပါသည်Tahanan ng mga kuwento. Tumuklas ngayon