❣️ Part-35 ❣️

2.4K 213 51
                                    

ရိုက်ကူးရေး ပြီးသည်နှင့် အမိမြေကို
ခြေချလျှင်ချချင်း  ချစ်သူလေးဆီ အပြေးသွားကာ တွေ့ချင်မိသည်။အခွင့်မကြုံသေးသည်မို့
Jungkookပြန်ရောက်နေကြောင်းကိုသာ
Jiminကို ပြောပြထားသည်။

Album ထုတ်ပြီးသည်နှင့် promotion ဆင်းဖို့ရာအတွက်လည်း ကကွက်များကို ထပ်ခါတလဲလဲ
လေ့ကျင့်နေရသည်။fansign ပွဲအတွက်လည်း
အသေးစိတ်ကအစ ပြင်ဆင်နေရသည့်အတွက်
Overseaက ပြန်ရောက်ကတည်းက jiminဆီဖုန်းပင်မခေါ်ရသေးပေ။တစ်နေကုန် နားချိန်သာ ခနယူပြီး Live performance အတွက် အသံလေ့ကျင့်လိုက်၊ကကွက်များကို မမေ့အောင်
အရိုးထဲထိ စွဲနေအောင် လေ့ကျင့်ကြရသည်မို့
ညဉ့်နက်ချိန်ထိ ရောက်သွားတတ်သည်။
Jungkook တိုက်ခန်း ပြန်ရောက်ချိန်တွင်လည်း
Jiminဆီ ဖုန်းခေါ်ဖို့ရာက မိုးချုပ်နေပြီမို့
ချစ်သူလေး အိပ်ရေးမပျက်စေရန် မခေါ်ဘဲ
နေခဲ့ရသည့် နေ့ရက်များက တစ်ပတ်ပင် ကျော်လုလု။jiminလည်း အလုပ်တစ်ဖက်နဲ့ရော၊
ကျောင်းတစ်ဖက်နဲ့ရော မို့ ပင်ပန်းမည်ကိုသိသည်။ဒါတောင် ညဘက် နားရလို့တော်သေးသည်။

Jiminကို ကျောင်းသာ အေးအေးလူလူတက်ပြီး
ယခုလုပ်နေသော ကော်ဖီဆိုင်က အလုပ်ကို
မလုပ်တော့ဖို့ ပြောသော်လည်း လက်မခံသူလေးက ကျောင်းချိန်မရှိတဲ့ချိန်လေးမို့ ဆက်ပြီး လုပ်ပါရစေတဲ့။အလုပ်မရှိရင် သူ ပျင်းနေရမည်ဆိုသောကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင်
ခွင့်ပြုထားခြင်းပင်။သူရှိနေပြီမို့ ဘာမှ ပူပန်စရာမလိုကြောင်းပြောတော့ နှစ်လပဲ ဆက်ပြီး
ခွင့်ပြုပေးဖို့နဲ့ နှစ်လပြီးရင် သူ အလုပ်မလုပ်တော့ဘူးဟု ကတိပေးထားသောကြောင့် Jungkook  ဆက်ပြီး မပြောတော့ပေ။

ယခုထွက်တဲ့ title songကို
Programတစ်ခုတွင် Live performance ဆိုပြီးသည်နှင့် Jungkook တို့အဖွဲ့ entertainment ကို ပြန်လာခဲ့ကြသည်။သူတို့ရောက်သည်နှင့် CEOက ခေါ်ထားကြောင်း ပြောလာသည်နှင့်
Member တွေနဲ့ အတူ အပေါ်ထပ်က ရုံးခန်းရှိရာကိုသာ တက်လာခဲ့လိုက်ကြသည် ။

ရုံးခန်းထဲရောက်သည်နှင့် အန်ကယ် လီမင်ဂျယ်က စာရင်းများ လုပ်နေရင်းမှ သူတို့အား ထိုင်ဖို့ နေရာပေးလာသည်မို့ ဆိုဖာခုံ နှစ်ခုပေါ်တွင် ခွဲကာ
ထိုင်လိုက်ကြသည်။ထို့နောက် အန်ကယ်က
ထိပ်ဆုံး ဆိုဖာခုံတွင် ထိုင်လာသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now