❣️ Part-2 ❣️

3.5K 294 18
                                    

ကျောင်းပိတ်ရက်ဖြစ်သည့်အတွက်
Jiminတို့အိမ်မှာ စာတူတူလုပ်ကြမည်ဖြစ်သောကြောင့် hoseokနဲ့ jungkookရောက်လာကြသည်။

အိမ်ပေါ်ထပ်က jiminအခန်းထဲမှာပဲ
ကြမ်းပြင်ပေါ် စားပွဲအပုလေးတစ်လုံးချကာ
သုံးယောက်သား ဝိုင်းထိုင်ကြရင်း
တစ်ပတ်စာ သင်ခန်းစာများကို revision ပြန်ကာ လေ့လာဖြစ်ကြသည်။သုံးယောက်စလုံးက ဉာဏ်ကောင်းကြသူများဖြစ်ကာ အဆင့်တွေလည်း ကောင်းကောင်းရကြသည်မို့
အချိန်ခနလေးအတွင်း ပြီးသွားကြသည်။

"ဝါးးး"

အကြောဆန့်ကာ ဝါးကနဲ သန်းသော
HoSeokက ခါးကို ဘယ်ညာလှည့်ကာပင် လုပ်နေသေးသည်။ထိုသို့ အညောင်းဆန့်နေရင်း hoseokမျက်နှာသည် တစ်ချက် ရှုံ့မဲ့သွားသည်ကို မြင်လိုက်ရသော jimin က -

"Hoseok ခါးနာလို့လား?"

မနေ့က hoseok နဲ့ သူ ကျောင်းပြန်မှာ
စက်ဘီးစီးရင်း ပြန်တော့ တစ်နေရာအရောက်မှာ ကားက ကပ်မောင်းသွားတာကြောင့်
သူတို့စီးလာသော ဘီးက လမ်းဘေး platform နဲ့တိုက်မိကာ လဲသွားသည်။jiminက နောက်က ဘေးတစောင်းထိုင်လိုက်သည့်အတွက် အလွယ်တကူ ဆင်းလိုက်ပေမယ့် စက်ဘီးကို ထိန်းထားရတဲ့ hoseokက
စက်ဘီးနဲ့အတူ လဲကျသွားသည်။hoseok
ခါးနာသွားသည်ကိုလည်း သိလိုက်သည်။
ဒါကို အဆင်ပြေပါတယ်ပြောခဲ့တဲ့ hoseokက ဒီနေ့ ကြာကြာထိုင်လိုက်လို့ထင်သည်။ခါးက ဒဏ်က ပြန်ပေါ်လာခြင်းဖြစ်လိမ့်မည်။

"မဟုတ်ပါဘူး .....ဒီတိုင်း "

"တော်တော့ ခနစောင့်
ငါ မေမေ့ဆီ ဆေးဗူး သွားယူလိုက်ဦးမယ် "

ထိုသို့ ပြောကာ ထသွားသော jiminကို
Hoseok တားချိန်မရလိုက်။jungkookကတော့ နားမလည်သလို မျက်လုံးများနှင့်သာ ကြည့်နေသည်။
Hoseokလည်း ဂရုမစိုက်ဘဲ ကိုယ်လုပ်ရမယ့်
စာကို အပြီးသပ်နေလိုက်သည်။

"စက်ဘီးနဲ့ ပြန်ကြတာလား?"

Jungkookဘက်က မေးလာသည်မို့
Hoseok  စာရေးနေရင်းနဲ့ပင်-

"ဟုတ်တယ် ...မနေ့ကမှ စစီးလာတာ
ကျောင်းကို ။ဘာလို့လဲ?"

"ဘာမှ မဟုတ်ပါဘူး ။ငါ မသိလိုက်လို့
မေးကြည့်တာ "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now