ကျောင်းဆေးခန်းသို့ ကိုယ်ငယ်လေးအား
ပွေ့ချီကာ ပြေးသွားနေသော ကောင်လေး၏
မျက်နှာအမူအရာက ကမ္ဘာပျက်နေသကဲ့သို့ပင်။"ဆရာ !!"
ဆရာ့နာမည်အား ဆေးခန်းအပေါက်ဝ မရောက်ခင်မှာပဲ အော်ခေါ်တော့ ပြာပြာသလဲ
ထွက်လာသော ဆရာက ဆေးခန်းအတွင်းသို့
ဝင်စေပြီး jimin ကိုယ်ငယ်အား ကုတင်ပေါ်သို့ ချစေသည်။Jungkook လည်း အားမရှိစွာ ပျော့ခွေနေသော ကိုယ်ငယ်လေးကို ကုတင်ထက် အသာအယာ ချလိုက်သည်။
ဒေါက်တာသည် နားကြပ်ကို တပ်ဆင်ရင်း
Jimin အား စမ်းသပ်ရင်း သူ့အား မေးလို့လာခဲ့သည်။"ဘာဖြစ်လာတာလဲ?"
"သူ ဟို... အားကစားလုပ်ရင်း မေ့လဲသွားတာပါ "
အပြစ်ပေးခံရပြီး မူးလဲ သွားပါသည်လို့
သူ မပြောချင်ပါ။jiminကို အထင်သေးစေမည့်အရာများကို နည်းနည်းလေးတောင် အလိုမရှိပါ။ဆရာသည် jiminအား စမ်းသပ်ပြီးနောက်-
"အောက်ဆီဂျင် ပြတ်သွားလို့ပါ။အားကစားတွေလည်း သိပ်မလုပ်ခိုင်းနဲ့ဦး။သူအားနည်းနေသေးတယ်"
"ဟုတ်ကဲ့ "
"အားဆေးသွင်းပေးထားတော့
သူခနတော့ အိပ်ပျော်နေလိမ့်မယ်။နိုးရင် ခေါ်သွားလို့ရပြီ""ဟုတ်ကဲ့.... ကျေးဇူးပါ ဆရာ"
စမ်းသပ်သွားသော ဆရာဝန်အား
ခေါင်းညွှတ်ရင်း ကျေးဇူးတင်ကြောင်းပြောကာ ကုတင်ပေါ်က ကိုယ်ငယ်လေးနံဘေးက ခုံပေါ်သို့ ထိုင်လိုက်သည်။ဆရာဝန်က တော့ ဆေးခန်းပြင်ပသို့ ခေတ္တ ထွက်သွားခဲ့သည်။ဝင်သက်ထွက်သက်မှန်စွာနဲ့ အိပ်ပျော်နေသောမျက်နှာလေးအား Jungkook ကြည့်နေမိသည်မှာ မြတ်မြတ်နိုးနိုးပင် ဖြစ်နေသည်။
ဘေးချထားသော လက်ကလေးအား
သူ ဆုပ်ကိုင်ဖို့ လှမ်းလိုက်စဉ်-"Jimin!!!!"
အသံကျယ်ကျယ်တစ်ခုကြောင့် လက်ကို အရှိန်သပ်လိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်မိသည်။အသံ ပြဲပြဲနဲ့ အလန့်တကြား အော်ခေါ်ကာ ဝင်လာသူကိုလည်း လှည့်ကြည့်စရာမလိုဘဲ Jungkook သိသည်။ထို့ကြောင့် ဆေးပေးခန်း ဝင်ပေါက်ဆီကို အကြည့်စူးစူးတို့ဖြင့် ကြည့်ပေးလိုက်သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်