❣️ Part-16 ❣️

2.9K 239 25
                                    

နောက်နေ့ မနက်ပိုင်း အချိန်တွင်တော့
အန်တီ့ကို သဂြိုလ်ကာ အရိုးပြာအိုးအား
Jungkookကိုယ်တိုင် မြစ်ထဲသို့ မျောစေလိုက်သည်။

"ကောင်းကင်ဘုံကနေ သားကို ကြည့်နေမယ်မလား?"

လှိုင်းဘောင်ဘင်ခတ်မှုကြောင့် မြစ်ပြင်ကျယ်ထဲ
တစ်စတစ်စ မျောသွားသည့် အရိုးပြာအိုးလေးအား မြင်ကွင်းမှ ပျောက်ကွယ်သည်အထိ
ကြည့်ခဲ့ပြီးနောက် ပြန်လာခဲ့ကြတော့သည်။

Jungkookရဲ့ အိမ်ဆီကိုပဲ
သူတို့ ပြန်လာလိုက်ကြသည်။တစ်ပတ်အတွင်း
အိမ်ပေါ်က ဖယ်ပေးမည်ပြောထားသော်လည်း
အန်တီ့၏ ဈာပနပွဲပြီးသည့် ရက်မှာတင်
Jungkookက နေရာဖယ်ပေးမည်ပြောလာခဲ့သည်။

Hoseokက jungkookအား
သူ့အိမ်တွင် လိုက်နေစေရန် ပြောခဲ့သော်လည်း
Jungkookက လက်မခံခဲ့ပေ။သူ့ဘာသာ
အလုပ် လုပ်ပြီး နေရာတစ်ခုရှာနေမည်ဟု ပြောလာသည်။

ဒါကို လက်မခံသော jimin အမေဖြစ်သူက
သူတို့ အိမ်တွင် လိုက်နေရမည်ဆိုသော
ကရုဏာ ဒေါသ အမိန့်ကြောင့် jiminတို့အိမ်
လိုက်နေရန် jungkook သဘောတူလိုက်ရသည်။

ရှေ့နေကြီးအား အသိပေးကာ
အိမ်ပေါ်ကနေ ထွက်လာတော့ သူ့အတွက်
စိတ်မကောင်းဖြစ်နေသော ရှေ့နေကြီးက
ငိုပါ ငိုခဲ့သေးသည်။ငယ်စဉ်ကတည်းက
သူ ကြီးပြင်းခဲ့ရသည့် ဒီအိမ်ကြီးကို ခွဲခွာရသည့်
ခံစားချက်က အောင့်သက်သက်တော့နိုင်လှသည်။အခုတကယ် သူ့မှာ ဘာမှကို မရှိတော့ပြီဖြစ်သည်။

မေမေခေါင်းချခဲ့သော အခန်းလေးထဲကို
နောက်ဆုံးတစ်ခေါက် ဝင်ပြီးသည်နှင့်
သူလည်း အဝတ်အစားအိတ်ကို ဆွဲကာ
အောက်ထပ်သို့ ဆင်းခဲ့တော့သည်။

"သား Jungkook !ကျောင်းကိစ္စ အတွက်ပဲဖြစ်ဖြစ် ၊ဘယ်နေရာအတွက်ပဲ ဖြစ်ဖြစ်
ငွေကြေး လိုအပ်လာခဲ့ရင် အန်ကယ်တို့ကို ပြောပါ။တတ်နိုင်သလောက် ကူညီပါ့မယ် "

ဧည့်ခန်းထဲက ခုံတွင်လည်း သူဝင်ထိုင်လိုက်ကာ
Hoseok မိဘများအား ကျေးဇူးတင်ကြောင်းပြောရသည်။

"ကျေးဇူးပါ။ကျွန်တော် အလုပ် လုပ်ရင်း
ကျောင်းတက်မှာပါ။ကိုယ်ပိုင်ဝင်ငွေကိုပဲ
ကျွန်တော် သုံးချင်လို့ပါ။ကျွန်တော့်ဘက်က
တကယ်လိုအပ်လာရင်တော့ အကူအညီ တောင်းပါ့မယ်။ပြီးတော့ အန်ကယ်တို့ဆီက ယူထားတဲ့
ငွေတွေကိုလည်း ကျွန်တော် ဆပ်မှာပါ "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now