❣️ Part-46❣️

3K 238 43
                                    

"Jungkook !ထလေ!"

ဖျော်ဖြေဖို့ရာအတွက် စင်ပေါ်မှာ နေရာယူရန်
သူတို့အကုန်လုံးထိုင်ခုံမှ အသီးသီးထကြသော်လည်း jungkookကတော့ jiminရှိရာကိုသာ
စိုက်ကြည့်ပြီး ဆက်ထိုင်နေတာမို့ taehyung သတိပေးရတော့သည်။jungkookအနေနဲ့ မယုံနိုင်ဖြစ်နေသလို၊အံ့ဩနေမိတာကို သိသည်။သူလည်း အံ့ဩမိကာ ဝမ်းလည်းသာသည်။သို့သော်
ယခု ပြန်လာတဲ့ jiminပုံစံသည် နည်းနည်းပြောင်းလဲသွားတယ်မလား?မဟုတ်ဘူး ။
အများကြီး ပြောင်းလဲသွားတာ။သူနဲ့ စတွေ့တုန်းက ဖြူဖြူစင်စင်မျက်နှာလေးသည် ခုများတော့
ငြို့အားတွေ ပြင်းလာသလိုပင်။jungkookဘက်ကို မသိမသာကြည့်ကာ မဲ့ပြုံးပြုံးပြသွားတဲ့ ပုံတွေ၊ Min Yoongi ဆိုသည့်လူနဲ့ jungkookရှေ့မှာ
တရင်းတနှီး နေပြသည့် ပုံစံများသည် jungkookကို လက်စားချေနေသလို ပုံစံမျိုးဖြစ်နေသည်။jiminဘယ်လို အသက်ရှင်နေတာလဲဆိုတာ မသိသေးပေမယ့် သုံးနှစ်ကြာပြီးမှ ပြန်လာခဲ့သော jiminသည် သူသိခဲ့ဖူးသော jiminမဟုတ်တော့ပါ။

Min Yoongi နဲ့ စကားပြောနေရင်း
Jungkookဘက်ကို မခို့တရို့လေးကြည့်ကာ
အောင်နိုင်သူအပြုံး‌လို ပြုံးသော jiminသည်
Jungkookအပေါ်အနိုင်ယူချင်နေသည်ထင်သည်။

ဖြစ်သွားတဲ့ ကိစ္စအစမှာ jungkookဘက်က စမှားခဲ့တာဆိုပေမယ့် jungkookအပြစ်ဆိုလို့ jiminကို
ရင့်သီးသော စကားလုံးတွေပဲ ပြောခဲ့ရုံသာ။ကျန်တာတွေက Angelaရဲ့ အကွက်တွေပဲမလား?

"Jungkook!နေရာယူကြရအောင်"

Jiminကိုသာ တွေတွေလေး ငေးကြည့်နေသော
Jungkookသည် taehyung ထပ်ပြောကာမှ
အကြည့်လွှဲကာ ခေါင်းငြိမ့်ပြလာသည်။

စင်ပေါ်သို့ အသီးသီးနေရာယူပြီးသည်နှင့်
သူတို့ရဲ့ သီချင်းသံသည် စတင်ထွက်ပေါ်လာသည်။ကိုယ်ကျရာ အပိုင်းကို ကောင်းစွာ ဆိုရင်း
အချိုးအစားကျသော ကကွက်များသည်
ခန်းမအတွင်းက လူအများအား ငေးမောကြည့်ကြရသည်အထိပင်။

" Jungkook!သေချာအာရုံစိုက်စမ်းပါ "

Jiminကိုသာ လှမ်းကြည့်နေပြီး
ကကွက်များကို စိတ်မပါသလို ကနေသော
Jungkookကြောင့် taehyung မှာ လှမ်းသတိပေးရတော့သည်။

သီချင်းတစ်ပုဒ် ဆုံးသွားသည်နှင့် ပရိသတ်များရှိရာ ကို မျက်နှာမူကာ 90°bow ဦးညွှတ်လိုက်ကြသည်။ထို့နောက် သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူမှ ကျေးဇူးတင်စကားပြောကြားသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now