❣️ Part-45 ❣️

2.9K 244 70
                                    

Jiminသည် yoongi ၏ အကူအညီနဲ့
USရဲ့ အထင်ကရမြို့ဖြစ်တဲ့ New York မြို့က
စီးပွားရေး တက္ကသိုလ်မှာပဲ ပညာဆက်သင်ခဲ့သည် ။yoongiသည် သူ့မိသားစုပိုင်တဲ့
New York က ကုမ္ပဏီ အခွဲတစ်ခုကို သူကိုယ်တိုင် ဦးစီးနေသည့် အတွက်ရော၊ထူးချွန်တဲ့ လူငယ်ဖြစ်သည့်အတွက်ရောကြောင့် စီးပွားရေးလောကအတွင်း နာမည်ရလာကာ အကျိုးတူ ဖက်စပ်
လုပ်ကိုင်ကြမည့် ရှယ်ယာရှင်များလည်း တစ်စ၊တစ်စ ပွားလာတော့သည်။

"Hyung!ဘယ်ကနေ ရောက်လာတာလဲ?"

"အလုပ်ပြီးတာနဲ့ မင်းကို ဝင်ကြိုလိုက်တာ "

"ကျွန်တော့်ဘာသာ busနဲ့ ပြန်လာလည်း ရနေတာကို "

"တစ်ရက်တစ်လေ လေးကိုကွာ "

Jiminသည် ကျောင်းစတက်ကတည်းက
Busနဲ့သာ သွားပြီး yoongiကိုလည်း လိုက်မပို့ခိုင်းသလို၊driverနဲ့လည်း မသွားပါ။သူများနည်းတူ
Busနဲ့သာ သွားချင်သည် ဆိုသောကြောင့်
Yoongi ခွင့်ပြုထားခြင်းပင်။ဒီနေ့ အလုပ်လည်း စောပြီးတာမို့ jimin ကျောင်းရှေ့တွင်
ရပ်စောင့်နေခြင်းပင်။

"ကျွန်တော်က hyung အလုပ်ပိုမှာစိုးလို့ပါ "

"မပိုပါဘူးကွာ။မင်း မပြောတောင်
ကိုယ့်ဘက်က လုပ်ပေးချင်နေတဲ့ အရာပါ "

Yoongi hyung ၏ စကားကြောင့် jimin
ခေတ္တတော့ တိတ်ဆိတ်သွားသည်။hyungရဲ့
စကားတွေအရရော၊အပြုအမူတွေအရ သူ့အပေါ် ခံစားချက် ရှိနေသေးသည်ဆိုတာကို သိပေမယ့်
မသိသလိုကာ ဟန်ဆောင် နေလိုက်သည်။

"ကဲ!အိမ်ပြန်လို့ရပြီလား?"

Yoongi hyung ပြောလာမှ jiminလည်း
ခေါင်းငြိမ့်ပြပြီး  အရန်သင့်ဖွင့်ပေးထားသော
ကားတံခါးမှ တစ်ဆင့် lover seat တွင် ဝင်ထိုင်လိုက်သည်။

"ဘယ်နေရာ ဝင်ချင်သေးလဲ?"

"အိမ်ပဲ ပြန်လိုက်မယ် "

Yoongi hyung သည် ခေါင်းငြိမ့်ပြကာ
ကားကိုသာ ဂရုတစိုက် မောင်းတော့သည်။

အိမ်ရောက်သည်နှင့် yoongi hyung အား
ထမင်းစားချိန် ဆင်းလာမည်ဖြစ်ကြောင်း
ပြောခဲ့ပြီးနောက် အပေါ်ထပ်က အခန်းဆီ တက်ခဲ့တော့သည်။ကိုရီးယားမှာ ပထမနှစ်ပင် ပြီးအောင် မတက်ခဲ့ရသည့်အတွက် New York တွင် နှစ်ဝက်ကနေ စတက်ခဲ့ရသည်။ဘယ်လောက်ပဲ
ကောင်းမွန်တဲ့အရာတွေနဲ့ပဲ သင်ကြားရပါစေ
ကိုယ့်နိုင်ငံ၊ကိုယ့်မြေ၊ကိုယ့်ကျောင်းကသာ
သက်တော့သက်သာအရှိဆုံးပင်။ကျောင်းစာများအနေနဲ့ကတော့ စာတော်သော ကျောင်းသားဖြစ်သည့် jiminအတွက် သိပ်တော့မခက်ခဲပေ။တစ်နေ့စာ တစ်နေ့ လုပ်နိုင်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now