❣️ Part-41 ❣️

2.6K 241 69
                                    

Jungkook ရဲ့ လက်သီးဖြင့် ထိုးလိုက်သည့် အရှိန်ကြောင့် Liam မှာ ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။လဲကျနေသော Liam အား
ဆွဲထူပေးဖို့ လုပ်မိသော်လည်း လက်ကောက်ဝတ်မှ ပြန်ဆွဲခေါ်လိုက်သောကြောင့် မောင့်အနားသာ ရောက်သွားရသည်။

"မင်း အကောင်ကို စိတ်ပူတယ်ပေါ့လေ ..
ဟုတ်လား!!Park jimin!!!"

"မဟုတ် .မဟုတ်ရပါဘူး မောင်ရယ် ။
ငါ ငါနဲ့ Liamနဲ့က ရိုးရိုးသားသား စကားပြောနေတာပါ "

"မင်း အခု လာခဲ့ !!"

လက်ကို ဆွဲကာ
အကြမ်းပတမ်းဆွဲခေါ်သော မောင့်ကြောင့်
Jimin လက်ကောက်ဝတ်လေးပင် နာလာရသည်။သို့သော် မောင် ဒေါသထွက်နေသည်မို့
မပြောရဲစွာ ကြိတ်သည်းခံထားလိုက်သည်။

VVIP room ထဲက ထွက်လာလျှင်ချင်းမှာပဲ
မန်နေဂျာဖြစ်သူ eunwoo သည် ရောက်လာတော့သည်။

Eunwoo  CVTVကနေ ကြည့်နေတုန်း
Jimin တို့အခန်းက ရုတ်ရုတ်သဲသဲဖြစ်နေသည်မို့
သူ ပြေးထွက်လာရခြင်းပင်။

"ဟို ဒီက ဧည့်သည် jiminနဲ့ ဘာပြဿနာရှိလို့လဲခင်ဗျ "

"မဆိုင်ရင် ဝင်မပါနဲ့။ငါ့ချစ်သူနဲ့ငါ ဘာပြဿနာရှိရှိ ဘေးလူတစ်ယောက်မှ ဝင်ပါစရာမလိုဘူး "

"အဲ့လိုတော့ မ-"

Eunwoo ဆက်ပြောမည့်စကားများသည်
Mask တပ်ထားသူ၏ နောက်ကနေ ခေါင်းလေး
အသာ ရမ်းပြနေသော jimin ကြောင့် တိတ်ဆိတ်သွားရသည်။

"တောက်ခ်!!!
လာခဲ့ !!"

မောင်သည် eunwoo အား
ဆက်မပြောစေဖို့ jiminတားလိုက်ခြင်းကို
တစ်မျိုးထင်သွားကာ ပို ဒေါသတို့ ထွက်သွားတော့သည်။

Club အပြင်ရောက်သည်နှင့်
သူ့ကားရှိရာကို ဆွဲခေါ်သွားကာ
ကားတံခါးဖွင့်ကာ jiminအား ထိုင်စေသည်။
ထို့နောက် သူကိုယ်တိုင်က မောင်းသူနေရာတွင်ဝင်ထိုင်ကာ ကားကို အကြမ်းမောင်းထွက်တော့သည်။

"ကာကွယ်ပေးမယ့် သူတွေကလည်း များလိုက်တာ !!"

ကားမောင်းနေရင်း စောင်းတဲ့တဲ့ ပြောလာသော
စကားကြောင့် jimin မောင့်အား ခေါင်းသာ ရမ်းပြမိသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now