❣️ Part-31 ❣️

2.5K 207 10
                                    

"ဒါက ဒီလအတွက်ပါ အန်ကယ် "

"အင်း အန်ကယ် မှတ်ထားလိုက်မယ် ။
Jimin. နောက်သုံးလ သွင်းပြီးရင် အကုန်ပြည့်ပြီနော် "

"ဟုတ်ကဲ့ အန်ကယ်။ကျွန်တော် သိထားပါတယ်"

"Jiminတော်ပါတယ်။အန်ကယ် မင်းရဲ့ စိတ်ဓာတ်ကို လေးစားတယ်။jungkookကို အကောင်းဆုံး
ပံ့ပိုးပေးနိုင်ခဲ့တာပဲ "

"ကျွန်တော့်ကြောင့်မို့ပဲ မဟုတ်ပါဘူး။
Jungkookရဲ့ ပင်ကိုယ်ပါရမီကြောင့်ရောပါ "

"ဒါပေါ့။jungkookက တကယ် အရည်အချင်းရှိတဲ့ ကလေးပဲဟာ။သူရှေ့ဆက် ဒီထပ်ပိုပြီး
တောက်ပဦးမှာ "

"ဟုတ်ကဲ့ "

Jungkook အကြောင်းပြောတိုင်း
မျက်လုံးလေးများ လက်နေတတ်သည့်
ကောင်လေးအား အန်ကယ် လီမင်ဂျယ် သိချင်စိတ်ကြောင့် မေးဖို့ စဉ်းစားလိုက်သည်။

"Jimin "

"ဗျာ!"

"အန်ကယ် တစ်ခုလောက်မေးချင်တယ်။
အရှိအတိုင်း ဖြေပေးရင် အန်ကယ် ကျေးဇူးတင်မိမှာ "

"ဘာများလဲ အန်ကယ်?"

"Jungkook နဲ့ jiminရဲ့ ဆက်ဆံရေးက
သာမန်ထက် ပိုနေတယ်မလား?"

လီမင်ဂျယ် jimin၏ မျက်နှာကို စေ့စေ့ကြည့်ကာ
မေးလိုက်တော့ ပြူးကျယ်သွားသော
မျက်လုံးလေးများနဲ့အတူ မျက်ဆံကလေးများကလည်း စိတ်လှုပ်ရှားမှုကြောင့် ရွေ့လျားနေတော့သည်။

"အဲ့တာက-"

Jimin ဘာဆက်ပြောရမှန်းမသိပါ။
သူ အမှန်တိုင်းပြောလိုက်လို့
အန်ကယ်လီမင်ဂျယ် သိသွားပြီး စိတ်ဆိုးကာ
မောင့်အပေါ် ထိခိုက်စေမည်ကို စိုးရိမ်သည်။
ငြင်းလိုက်ပါကလည်း အကုန်ရိပ်မိနေသလို
အန်ကယ့်မျက်နှာကြောင့် မျက်နှာပြောင်တိုက်ပြီး ငြင်းဖို့ရာလည်း အင်အားမရှိပါ။ဖွင့်ပြောလိုက်ပါကလည်း ယခုမှ အောင်မြင်ခါစ မောင့်အနာဂတ်လမ်း ထိခိုက်မည်ကို အထူးစိုးရိမ်ပါသည်။သူ့အတွက်က ကိစ္စမရှိပေမယ့် မောင်ကတော့
တစ်စက်ကလေးတောင် ထိခိုက်မိလို့ မဖြစ်ပါ။
မောင်လျှောက်နေတဲ့ လမ်းက အရမ်းထိလွယ်၊ရှလွယ်တာမို့ သတင်းတစ်ချက်ကြောင့်နဲ့လည်း
အမြင့်ဆုံးကနေ အောက်ဆုံးထိ ရောက်နိုင်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now