❣️ Part-14❣️

3K 251 14
                                    

Jungkookအိမ်သို့ jiminတို့ရောက်နေကြခြင်းပင်။
ယခုထိ jiminကို
စကားမပြောသေးပေမယ့် hoseokနဲ့ jimin
သူ့အိမ်သို့ လိုက်အိပ်ပေးမည်ကိုတော့ မတားခဲ့ပေ။

Jungkookအိမ်ရောက်သည်နှင့်
အောက်ထပ်က သူတို့နှစ်ယောက်နေရမည့်အခန်းတစ်ခန်းစီ သက်သက်ပေးလာသည်။Jungkookနဲ့အန်တီကတော့ အပေါ်ထပ်တွင် ဖြစ်သည်။

Jiminတို့လည်း ကျောင်းက ပြန်ရောက်ရောက်ချင်း ပင်ပန်းနေပြီမို့ ရေချိုးရန် ကိုယ် နေရမည့်အခန်းကိုသာ အရင်ဝင်လိုက်ကြသည်။

ရေချိုးပြီးနောက် jungkookရဲ့ မဝတ်တော့သည့်
အဝတ်အစားများထဲက သူတို့နှစ်ယောက်အတွက်
တစ်စုံစီ ပေးလာသည်မို့ jiminနဲ့ hoseokလည်း
ထို အဝတ်အစားများသာ ဝတ်လိုက်ကြသည်။
သူတို့ရဲ့ ကျောင်းဝတ်စုံများကိုတော့ အခြောက်လျှော်ထားလိုက်သည်။

Jimin ရေချိုးပြီးနောက် hoseokအခန်းရှေ့သွားကာ ခေါ်သော်လည်း မပြီးသေးကြောင်း
ပြောလာသည်မို့ အိမ်ထဲ လှည့်ကြည့်နေရင်း
အိမ်ပေါ်ထပ်က ဆင်းလာသော jungkookနဲ့
ဆုံလေတော့သည်။

Jungkookသည်လည်း ခုမှ ရေချိုးလာသည့်ပုံစံမို့
မျက်နှာလေးက ကြည်လင်ရှင်းသန့်နေသည်။
ခေါင်းလျှော်လာသည့် အတွက် ရေမခြောက်သေးသော ဆံနွယ် များက jungkookမျက်နှာ ချောချောထက် ဖရိုဖရဲ ကျနေပေသည်။လက်ရှည်အပါးအပွတစ်ထည်နဲ့ ဘောင်းဘီ ပွပွကို
ဝတ်ထားသည့် jungkookက ရိုးရှင်းသည်ဆိုပေမယ့် ဆွဲဆောင်မှုရှိလှသည်။ထိုအတိုင်းတောင်
Attractive ဖြစ်နေသော မောင်က
ထပ်လောင်း အကြည့် ခပ်ရှရှများဖြင့်
ကြည့်နေလေတော့ jiminမှာ မျက်လုံးချင်းမဆုံရဲတော့ဘဲ လက်ဖျားများပင် အေးစက်လာသလို ခံစားရတော့သည်။

Jiminအား စိုက်ကြည့်နေရာမှ အကြည့်လွှဲကာ
မီးဖိုခန်းဘက်ဆီ သွားသော jungkookနောက်သို့
သူပါ လိုက်ရသည်။

စကားမပြောသေးဘဲ jiminရပ်ကြည့်နေလိုက်သည်။ apron အနက်ရောင်တစ်ခုကိုယူကာ
လည်ပင်းကို အရင်စွပ်ပြီး ခါးဆီ ချည်နေသော
Jungkookက ဟင်းချက်တော့မည်ဆိုတာ သူသိတော့သည်။

သူရှိနေသေးသည်ဆိုတာကို ဂရုမစိုက်ပဲ
ဟင်းသီးဟင်းရွက်များကို ဘေစင်ပေါ်တွင်
ဆေးနေသော jungkookက ရေဆေးသည့်နေရာတွင်
အခက်ကြုံရတော့သည်။အင်္ကျီလက်ကို မခေါက်ဘဲ နေလိုက်သည်မို့ ရှည်နေသော အင်္ကျီလက်က
သူ့အတွက် အနှောင့်အယှက်ဖြစ်နေသည့်ပုံပင်။
သက်ပြင်းချပြီး လက်ဆေးကာ ရေစက်ခါနေသော jungkookက သူ့ကို အကူအညီမတောင်းဘဲ
သူ့ဘာသာ အင်္ကျီလက်ခေါက်တင်တော့မည်ထင်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now