❣️ Part-13 ❣️

3K 266 17
                                    

ဒုတိယနှစ်ဝက်စာမေးပွဲလည်း နီးလာပြီမို့
ကျောင်းချိန်များကို အလွတ်မခံပဲ အချိန်စေ့
တက်နေရသည်။စာသင်ချိန်တွေမှာလည်း
အပါးမခိုနိုင်ဘဲ သင်ပြသွားသည့် စာများကို
ဂရုတစိုက် မှတ်နေကြရသည်။မေး‌နိုင်ချေရှိသည့် မေးခွန်းများကိုလည်း ပြောပြပေးကာ
ထိုအရာတို့ကို သေချာလုပ်ဆောင်ရန်
ဘာသာရပ်ဆရာများက အထပ်ထပ်မှာကြားနေကြသည်။ယခုလာမယ့် ဒုတိယနှစ်ဝက် စာမေးပွဲပြီးတာနဲ့ ကျောင်းတက်ရမည့် ရက်တွေ နည်းသွားပြီး အိမ်မှာပဲ self-studyလုပ်ကြရမည်ဖြစ်သည်။
Final examကို  နောက်နှစ်လလောက်နေရင်
လုပ်မည်ဖြစ်ပြီး ယခုဒုနှစ်ဝက်အတွက် စာများကို
ကျောင်းသားများမှာ အပက်တကုတ် ကျက်ကြ၊မှတ်ကြရတော့သည်။

အချိန်တစ်ရက်ပြီးတစ်ရက်နီးလာလေ၊
စိတ်လှုပ်ရှားလေဖြစ်သည်။final examက
သူတို့အတွက် အရမ်းအရေးပါသော စာမေးပွဲတစ်ခုဖြစ်သလို၊ဘဝကို အဆုံးအဖြတ်ပေးမည့်
စာမေးပွဲတစ်ခုလည်း ဖြစ်ပေသည်။တစ်နှစ်ပတ်လုံး ကြိုးစားခဲ့ရသမျှ၊မှတ်ခဲ့ရသမျှ စာများ၊သင်ခန်းစာများကို final examထိ ဆွဲခေါ်သွားကြရမည် ။

နေ့လည်ခင်း အတန်းချိန်အားလုံး ပြီးသည့် အချိန်တွင်တော့ ကျောင်းသားများအားလုံးမှာ
ခါးပင် မမတ်ချင်တော့ပေ။မနက်ခင်း တစ်ခင်းလုံး  ဆက်တိုက် ထိုင်ကာ သင်ကြားခဲ့ခြင်းကြောင့်
တင်ပါးတွေလည်း ပူလှပြီဖြစ်သည်။

အကြောဆန့်သူများက ဆန့်၊စာရေးခုံပေါ် ခေါင်းမောက်ချသူကချ၊မတ်တပ်ရပ်ကာ ဟိုလှည့်၊ဒီလှည့် လုပ်သူက လုပ်နှင့် ကျောင်းသားများမှာ
Stressတွေကို ဖြေလျော့နေကြသည်။

"ကဲ!အားလုံးပဲ  လေ့ကျင့်ရေးကွင်းထဲကို
သွားကြရအောင် "

အတန်းခေါင်းဆောင်၏ ဆော်ဩသံကြောင့်
အတန်းသားများမှာ ခေါင်းထောင်လာကာ
နားထောင်နေကြတော့သည်။

"ဘာလုပ်ဖို့လဲ အတန်းခေါင်းဆောင် !"

"စာသင်ချိန်တွေ များနေပြီမို့
ဆရာတွေက နားချိန်ပေးတာတဲ့ "

"ဟာကွာ !စာလုပ်ချင်ပါတယ်ဆိုမှ "

ထမေးသော ကျောင်းသား၏ ရွဲ့နောက်နောက်
စကားကြောင့် အတန်းသားအားလုံးမှာ
ပွဲကျကြတော့သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Tahanan ng mga kuwento. Tumuklas ngayon