အတန်းတက်နေချိန် မောင်က
သူ့ဆီလာမည် message ပို့လာသည်ကြောင့်
သူအတန်းမပြီးသေးကြောင်း ပြန်ပို့တော့
မောင်က စောင့်နေပေးမည်ဟု ပြန်ပို့ခဲ့သည်။ထို့ကြောင့် မနက်ခင်းပိုင်း အတန်းချိန် ပြီးသည်နှင့် jimin သူတို့ဌာနရှေ့ကို ထွက်လာလိုက်သည်။Jimin ဘေးဘီဝဲကာ ရှာကြည့်သော်လည်း
ကားတစ်စီးကလွဲ မောင့်ကို မတွေ့သည်မို့
ဖုန်းခေါ်လိုက်ရသည်။"မောင်"
"ဗျာ "
"ဘယ်မှာလဲဟင်?"
"မင်းရှေ့က ကားထဲမှာလေ။
မောင်ရှိတယ် ...တက်ခဲ့ ",ဖုန်းကိုင်ထားရင်းပင် မျက်စိရှေ့က ကားနားဆီ
တဖြေးဖြေး တိုးကပ်သွားမိသည်။အနားရောက်တော့ ကားမှန်ချပေးလာမှ မောင်ရှိမှန်း သိတော့သည်။ဖုန်းကို ချလိုက်ပြီး ကားတံခါးဖွင့်ကာ
မောင့်ဘေးက ခုံတွင် ဝင်ထိုင်လိုက်သည်။
သူ အထဲရောက်သည်နှင့် ကားမှန်ကို ပြန်တင်ကာ
မောင်သည် သူ့နားကပ်လာတော့သည်။ရွှတ်
ပါးပြင်တစ်ဖက်ကို နမ်းလိုက်သည်မို့
Jimin ကြောင်တောင်လေး ကြည့်နေစဉ်မှာပဲ
နှုတ်ခမ်းကို ထိကပ်ရုံ အသံမြည်အောင် ထပ်နမ်းပြန်သည်။"မောင် !"
"ဗျာ...."
သံရှည်ဆွဲကာ ထူးလာသော
မောင့်အသံလေးကြောင့်ပင် jimin ပြုံးတော့
မောင်ကပါ ထပ်တူလိုက်ပြုံးသည်။ရွှတ်
Driver seat မှာ ထိုင်နေရင်းပင်
ကိုယ်ကိုကြွကာ ကျန်နေသေးသော ပါးပြင်တစ်ဖက်ကို မောင်က ထပ်နမ်းသည်။"မောင် ဘယ်လိုဖြစ်နေတာလဲ?"
"မင်းကို အရမ်းနမ်းချင်နေတာလေ "
Jimin ဆီက မျက်စောင်းမမည်သော အကြည့်လေး ရလိုက်သည်။
"ဘယ်လိုလဲ?နမ်းမယ်မလား?"
မျက်နှာနား ကပ်ကာ မျက်ဝန်းများကိုဆုံကာ
မေးလာခြင်းသည် ရင်ခုန်နှုန်းတွေ မြန်လာစေတော့သည်။"အရင် ရှေ့က ဖယ်ပါ -အွန့် "
မောင့်ရင်ဘတ်ကို လက်ကလေးဖြင့်တွန်းကာ
လူချင်း ဝေးကွာစေဖို့ လုပ်သော်လည်း
ဖိကပ်လာသော မောင့်နှုတ်ခမ်းများကြောင့်
Jiminခေါင်းလေးသည် ထိုင်ခုံနောက်မှီနဲ့ ထိသွားတော့သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်