❣️ Part-7 ❣️

3.1K 273 24
                                    

ညမှောင်ရီပျိုးတဲ့အချိန်မှာတော့
သဲသောင်ပြင်ပေါ်တွင် ပါတီပွဲပြုလုပ်မည်ဆိုသောကြောင့် ကျောင်းသားခေါင်းဆောင်နဲ့အတူ အချို့ကျောင်းသားများမှာ စားပွဲများ ခင်းကျင်းကာ ပြင်ဆင်နေကြသည်။

ကျောင်းသူအချို့ကတော့ စားသောက်ရေးရာအတွက် တာဝန်ယူကာ စားသောက်ဖွယ်ရာများ ပြင်ဆင်နေကြသည်။ပင်လယ်စာများဖြစ်သော ရေဘဝဲ၊ကင်းမွန်တို့ကို ခုတ်ပိုင်းပြီး
ဓားနဲ့ မွှန်းကာ ကင်စက်ပေါ်တွင် ကင်နေကြသည်။ဂဏန်း၊ခရုတို့ကိုတော့ စွပ်ပြုတ်အိုးထဲ
ထည့်ကာ ဒီညအတွက် အရသာရှိသော
ဟင်းလျာတစ်ခုရရန် အားတက်သရော ပြင်ဆင်နေကြသည်။လူငယ်လေးများဖြစ်သည့်အတွက် ပေါ့ပါးသွက်လက်နေကာ
ပင်လယ်နဲ့လိုက်ဖက်သော ဒီဇိုင်းလေးများနဲ့
ကျောင်းသူ၊ကျောင်းသားအားလုံးမှာ ချစ်စရာအလွန်ကောင်းနေပါသည်။

"Jungkook ,jiminရော? "

"ခနနေလာမယ်ထင်တယ်။
ငါအရင်ထွက်ခဲ့လိုက်တော့ မမေးခဲ့ရဘူး "

"နေ‌တော့.... ငါပဲ သွားခေါ်လိုက်မယ် "

Jiminကို ခေါ်ရန် hoseok ခြေလှမ်းပြင်ရုံရှိသေး အဝေးကနေ သူတို့ရှိရာဆီ လာနေသော
Jimin ကို တွေ့လိုက်ရသည်။

လက်ရှည်အဆင်း လိမ္မော်ဖျော့နဲ့အဖြူ အပါးလေးကို အောက်က တီရှပ်အဖြူရောင်လေးနဲ့ တွဲဝတ်ထားကာ ဘောင်းဘီအဖြူဒူးလောက်
ဝတ်ထား‌သည်။တိုက်ခတ်နေသော လေများကြောင့် jimin ရဲ့ လက်ရှည်အပါးလေးမှာလည်း တလွင့်လွင့်နှင့် ။ကမ်းခြေကို ထွက်လာတာမို့ ဖိနပ်မပါခဲ့သော jiminရဲ့ ခြေဖဝါးဖောင်းဖောင်းပြည့်ပြည့်လေးများမှာ နီရဲနေသည်။ကြည်လင်ရှင်းသန့်နေသည့် မျက်နှာလေးနဲ့ လေဒဏ်ကြောင့် ဖရိုဖရဲဖြစ်နေသည့် ဆံပင်ခပ်အုပ်အုပ်လေးတွေက သူ့ရဲ့ အလှကို ပိုတိုးစေသည်။ပင်လယ်ကြီးနဲ့ အပြိုင် လှနေသော jiminအား hoseokသာမက jungkookလည်း ငေးကြည့်နေမိပါသည်။

"Hoseok"

"အင်း .....လာပြီပေါ့ "

အနီးနားရောက်သည့်တိုင် ကြည့်မဝနေသော
စိတ်ကို hoseok ချုပ်တည်းကာ မျက်နှာလှလှလေးအား ကြည့်ရင်း မေးမိသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now