အပိုင်း (1.3)

2.8K 369 2
                                    

(1.3)

ကျောက်ချင် က ကျိုးကောအာ ကို ကြည့်နေခဲ့ ပေမယ့် ကောင်ငယ်လေး ကတော့ အေးစက်တဲ့ မျက်နှာထား နဲ့ အဝေးကို အကြည့်လွဲကာ မလှုပ်မရှား ရှိနေဆဲ ပါပဲ။

ကျိုးကောအာ က ကျောက်ချင် ရဲ့ စူးစိုက်ကြည့် မှုကို သိသိသာသာ ပဲ ခံစား ရတဲ့ အတွက်ကြောင့် မထိန်းနိုင်တော့ပဲ သူ့ရဲ့ နောက်ကျောတွေ အနည်းငယ် အေးစက် သွားလေတယ်။

ခါတိုင်းဆိုရင် ကျောက်ချင်ကို သူက လက်လေးနဲ့ တို့ရင်တောင်မှ လူတိုင်း မျက်နှာလွဲ ရတဲ့ အထိ ကို သူ့အား ကျ်ိန်ဆဲလေ့ ရှိတယ်။ ထိုလိုလူနဲ့ အတူ ရှိနေမိလို့လဲ ကျိုးကောအာ က သူ့ဘာသာ သူ မုန်းမိတယ်။

အခုတော့ သူတို့နှစ်ယောက် က အရမ်းကို နီးကပ်တဲ့ ဆက်ဆံရေး ရှိသွားပြီ ဆိုတော့ ကျောက်ချင် က သူ့ကို နှလုံးသား ထဲမှာ အတော်လေး စက်ဆုပ်ရွံရှာ နေတော့မှာပဲ။

အခုက ရွာသားတွေရဲ့ မျက်နှာကြောင့်သာ ကျိန်ဆဲ ဖို့လဲ မလွယ်သလို သူ့ကို ရိုက်နှက်ဖို့လည်း မလွယ်တာ ပဲ ဖြစ်လေတယ်။

ပိုပြီး ဖြစ်နိုင်တာက သူက သေလမ်း ကနေ အခုလေးတင်ပြန် လာခဲ့ရတာကြောင့် ကျောက်ချင် က ကောင်းကောင်း သတိ မလည် လာသေးတာ ပဲ ဖြစ်ရမယ်။

ကောင်းကင် က တိမ်မဲကြီးတွေက စုဝေးလာကာ မိုးကြိုးလျှပ်စီးတွေ ဖြာထွက်လာပြီးတော့ ​ပင်လယ်နက်ကြီးကို မြင်ရစေတယ်။ နောက်တော့ သိပ်သည်းတဲ့ မိုးတွေ က ကျဆင်း လာတော့တယ်။

ကျောက်ချင် က တိတ်ဆိတ် နေတာကို တွေ့တော့ ကျိုးကော အာ က သူ့ရဲ့ စိုစွတ်နေတဲ့ မျက်နှာကို စကား တစ်ခွန်းမှ မပြောပဲ သုတ်လိုက်လေတယ်။ ပြီးတော့ လှည့်ကာ အိမ်ရှိရာ အရပ်ဆီကို သွားတော့တယ်။

ကျောက်ချင် က မြေပေါ်မှာ ထိုင်နေပြီတော့ သူထွက်သွားတာ ကို ကြည့်နေခဲ့လေတယ်။

သူ့လိုမျိုး ဒီနေရာနဲ့ မရင်းနှီးတဲ့ လူတစ်ယောက် က ထိုကောင်လေး နောက်ကို လိုက်သွားသင့်တယ် မဟုတ်လား။

ကျိုးကောအာ က သူ့အနောက်ကလှုပ် ရှားမှုကို အာရုံစိုက် ထားလေတယ်။

တံငါသည် (BL) Where stories live. Discover now