အပိုင်း (38.2)

528 92 0
                                    

(38 .2)

ထိုကဲ့သို့ ကင်နေ စဥ် အတော အတွင်းမှာ လူတွေက သူအော်ပြီး မိတ်ဆက် ပေးမှာ ကို မစောင့်နိုင်တော့ပဲ နေရာဆီကို စိတ်လှုပ်ရှားစွာနဲ့ အတူ တကွ ဝိုင်းအုံ လာကြ လေတယ်။

လူတိုင်း က လက်ညိုးထိုး ပြီး တီးတိုး ပြောနေ ကြ ပေမယ့် အဲ့ထဲ က တစ်ယောက် က တော့ သူ့ကို မေးလာခဲ့တယ်။

'' ရောင်းရင်း ရေ ခများ ဘာလုပ် နေတာ လဲဗျ? ''

ကျောက်ချင် က ပြုံးပြီးတော့ ပြောလိုက်တယ်။

'' ဒါက ကမာ ကောင် ကင်လေ။ အဲ့တာ ကို တစ်ခု နှစ်ခု လောက်တော့ ဝယ်ပြီး မြည်းကြည့် လို့ ရတယ်နော်။ လုံးဝ ကို လက်လက်ဆက်ဆက် ကမာတွေ မှ ကင်ထားတာ ရယ်! ''

'' မဝယ်ချင် ပါဘူး။ မင်း က လူတွေကို လှည့်ပတ် ပြီးတော့ အရူးလုပ် နိုင်မယ် လို့များ ထင်နေတာ လား? ''

လူတိုင်း က ရယ်မော ကြလေတယ် ။

စျေးကို လာတဲ့ လူတွေ ထဲမှာ ရွာကနေ လာပြီး တော့ ပင်လယ်စာ ရောင်း ကြတဲ့ သူတွေရှိလေတယ်။ သူတို့က ရံဖန်ရံခါ ဆို ကမာ ကောင်တွေ ကို ယူလာပြီးတော့ ရောင်းလေ့ ရှိလေတယ်။

ဒါကြောင့် စျေးထဲက လူအများကြီး က ကမာ ကောင်ကို မြင်ဘူး ကြလေတယ်။ ဒါပေမယ့် အဲ့တာ တွေက သူတို့ ရဲ့ မျက်လုံး ထဲ မှာတော့ အသားနည်း အခွံ ကြီးတဲ့ အပြင် ဘယ်လို မျိုး လုပ်စား ရမလဲ ဆိုတာကို ပါ မသိ ကြဘူးလေ။

အဲ့ဟာတွေကို သူတို့က စွပ်ပြုတ် တစ်ချို့ ချက်ကြည့် ကြသေးတယ်။ ဒါပေမယ့် အရသာ က တကယ်ကြီး စိတ်ကျေနပ် စရာ မကောင်း နေဘူးလေ။ တကယ်လို့ သူတို့မှာ ပင်လယ်စာ ဝယ်ဖို့ ပိုက်ဆံ ရှိရင်တောင် ထို ဟာတွေ ကိုတော့ ဘယ်တော့ မှ မဝယ် ကြ ပါပေ။

ဒါပေမယ့် ဒီနေ့ မှာတော့ အဲ့တာ တွေကို ကင်ဖို့ သုံးနေတာ တွေတဲ့ အခါ လူတိုင်း အတွက် အထူးတဆန်း ဖြစ်နေ ကြလေတယ်။

ကျောက်ချင် က ကျောက်မီးသွေးမီး ကို အသာလေး ပဲ သစ်သား ယပ်တောင် နဲ့ ခတ်လိုက် လေတယ်။

တစ်ခဏ ကြာတော့ အေးနေတဲ့ ကြက်သွန်ဖြူ စားမြိန်ရည် က အပူတက် လာကာ မွှေးပျံ့တဲ့ သင်းရနံ့ က ဝေ့တက် လာတဲ့ အခါ သူ့ဘေးမှာ စကား ရပ်ပြော နေကြတဲ့ လူတွေက ချက်ချင်း ပဲ တိတ်ဆိတ် သွား တော့ လေတယ်။

တံငါသည် (BL) Where stories live. Discover now