အပိုင်း (28.2)

860 139 1
                                    

(28.2)

'' ချန်းကောအာ မင်း က ငယ်တော့တာ လဲ မဟုတ်ဘူး ။ ဘာတွေများ သွားဖို့ရာ ကို စိတ်တွေ ပူနေရတာလဲ။ သွားသာ သွားလိုက်ပါ ''

ရွာလူကြီး က ချန်းကောအာ ကို ဂူအပြင်ဆီ တွန်းပို့ရင်းနဲ့ လေသံ တိုးတိုးလေး နဲ့ ပြောလိုက်တယ်။

'' ကျောက်ချင်ရဲ့ ဂူထဲမှာ အိမ်ထောင်မပြု ရသေးတဲ့ လူပျိုတွေ ရှိတယ်။ သူတို့ကို တစ်ချက် ကြည့်ခဲ့ပေါ့။ မင်းက အခုဆို အသက် ၁၇ ဖြစ်နေ ပြီကို။ မင်းကို ယူမယ့် အမျိုးသား ရှာမတွေ့ သေးဘူး ။ အခုတော့ ကြည့်ပါအုံး နေ့တိုင်းပဲ ဂူထဲမှာ နေရပြီးတော့ စားဖို့ သောက်ဖို့ က ပူပန်နေရ ပြန်ပြီ။ မင်းဘယ် အချိန်မှ သူများကို မှီခို ရမလဲ ဆိုတာကို ငါမသိဘူး။ ဒါ​ကြောင့် မင်း က ဟိုဘက် ဂူကို သွားရင်း လမ်းလေးလျောက် ပြီးပတ် ကြည့်ခဲ့။ မင်း သဘောကျတဲ့ သူ တွေ့ရင် အဲ့တာ က အားလုံး အတွက် ပိုကောင်း သွားတာ ပေါ့။ ''

ရှုချန်း က အသီးခြင်း ကို ညိုမှောင်နေတဲ့ မျက်နှာထား နဲ့ ကိုင်ထား လေတယ်။

'' ရွာလူကြီး ခများ က ကျုပ်ကို ပစ္စည်း သွားပို့ စေချင်တာလား ဒါမှမဟုတ် တစ်ယောက် ယောက် သွားရှာ ခိုင်းချင် နေတာလား?''

ရွာလူကြီး က ကြင်နာ စွာနဲ့ ပြုံးလိုက်တယ်။

'' ပစ္စည်းတွေ သွားပို့ပေး တာကတော့ သေချာပေါက် အဓိက ကိစ္စပေါ့လေ။ ဒါနဲ့ အခုလို ငါ ပြောနေရတာ က မင်းအတွက် ကောင်းဖို့ ချည်းပဲ မဟုတ်ဘူးလား ။ မင်းရဲ့ မိဘတွေက မင်းကို အမြဲတမ်း စောင့်ရှောက်ပေးဖို့ ပြောခဲ့တာလေ။ အဲ့လိုမှ မဟုတ်ရင် ငါ အသက်ကြီး လာတဲ့ အခါ မင်းအတွက် ပူပေး နေရအုံးမှာတဲ့လား ''

ချန်းကောအာ ခမျာ ရွာလူကြီး က ဒီထက် ပိုပြီးတော့ ပွစိပွစိ ပြောလာမှာ ကို ကြောက်သွား လေတယ်။

အစကတော့ ပစ္စည်းတွေ သွားပို့ဖို့ တုံ့ဆိုင်း နေတဲ့ ချန်းကောအာ ခမျာ မတက်နိုင်ပဲ အမြန် အရှိန်ကို တင်လိုက် ရလေတယ်။

'' ကျုပ်သိပြီ။ ရွာလူကြီး ပြန်ဝင်တော့။ ကျုပ်သေချာပေါက် ပစ္စည်းတွေကို အရောက်ပို့ ပေးခဲ့မယ်။ ''

တံငါသည် (BL) Where stories live. Discover now