အပိုင်း (39.2)

552 102 0
                                    

(39.2)

ကမာကောင်တွေ ကျက်သွားတဲ့ အချိန်မှာတော့ သူ့ဘေးနား က ဆိုင်ငယ်လေး ရဲ့ ပိုင်ရှင် ကို တစ်ခု လှမ်း ပေးလိုက် လေတယ်။

သူက ဒီနေရာမှာ အချိန် တစ်ခဏ လောက်တော့ ဆက်ပြီး ရောင်းနေ ရအုံးမှာလေ။ သူ့အား ဂရုစိုက် ပေးဖို့ကို သူတို့ကို ပြောရ မှာပေါ့။ အဲ့လိုမှ မဟုတ်ရင် သူ့စီးပွားရေး ပိုကောင်း လာတဲ့ အခါ သူတို့တွေက သူ့ကို မကောင်းဆိုးဝါး အဖြစ် မြင်လာ ကြ လိမ့်မယ်။ ဒါကြောင့်မို့ သူက အရင်ဆုံး လက်ဦးမှု ယူပြီးတော့ ဘေးနားက ဆိုင်ရဲ့ ရောင်းသူ တွေ ကို ဖော်ရွေစွာနဲ့ ဆက်ဆံ ထားရ မယ်လေ။

အဆုံးမှာတော့ သူတို့က ဆင်းရဲ ကြတဲ့ လူတွေ ဖြစ်ပြီးတော့ ဘဝ အတွက် ရုန်းကန် ရှာဖွေ နေကြရတဲ့ သူတွေ ချည်းပဲလေ။ ပြီးတော့ သူတို့ကို ကြင်နာမှု ပြတဲ့ အတွက် ဘယ်သူ မဆို ဝမ်းသာ ကြေနပ် ကြမှာပဲလေ။

သူ့ဆိုင်ဘေး ပတ်ပတ်လည် က လူတွေနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ပြီး တဲ့နောက် သူက စတင် ပြီးတော့ စီးပွား ရေး လုပ်တော့ လေတယ်။

ဒီနေ့ ဒီနေရာမှာ အကင်အိုး ရှိနေ ပြီ ဖြစ်တဲ့ အတွက်ကြောင့် ကမာကောင်တွေ အများကြီး ကို တစ်ခါ ထည်း ကင်နိုင် နေပြီ ဖြစ်ပြီးတော့ ဝယ်ယူသူ တွေ အတွက် လည်း အကြာကြီး စောင့်ဆိုင်း နေစရာ မလိုတော့ ပါပေ။

မနေ့က ပဲ စီးပွားရေး စတင်ထားတာ ဖြစ်ပေမယ့် လာဝယ်တဲ့ စျေးဝယ်သူ တွေ က အတော် များများ ရှိလေတယ်။

တစ်ဆင့် စကား တစ်ဆင့် ကြား ပြီးတော့ လာဝယ် ကြတာ ပဲ ဖြစ်လေတယ်။ ထိုထဲမှာ အစားကောင်း ကြိုက်တဲ့ အမျိုးသမီး တွေလည်း ပါပြီးတော့ သူမ တို့ရဲ့ သီးသန့် ငွေတွေကို ထုတ်ကာ ဝယ်ယူ ကြတာ ပဲ ဖြစ်လေတယ်။ သူမ တို့ခမျာ ဝယ်ပြီးတော့ လမ်းမ ပေါ်မှာတင် တစ်ခါ တည်းစား ရ မှာကို အတော် ရှက်နေ ကြလေတယ်။

ဒါကြောင့်လဲ ထိုအမျိုးကောင်း သမီးတွေ ခမျာ တစ်ခါထည်း နှစ်ခု သုံးခု ဝယ်ပြီးတာ နဲ့ စျေးဆိုင်လေး တွေ ကြားထဲကို ပြေးဝင်ပြီး စားသောက် ကြတော့တယ်။

တစ်ချို့ ဉာဏ်ကောင်းတဲ့ မမလေး တွေ ကလည်း တစ်ခါတည်း ၆ခု လောက် ဝယ်ပြီးတော့ အစားအစာ ဘူးလေး တွေထဲ ကို သယ်သွား ကြလေတယ်။

တံငါသည် (BL) Where stories live. Discover now