အပိုင်း (14.2)

1.8K 311 1
                                    

(  14. 2)

ကျိုးကောအာ နဲ့ ဟော် လင်းလင်းတို့က အတူတူ မီးပုံနားမှာ ထိုင်ကာ အဝတ်တွေ ကို အခြောက်ခံ နေကြလေတယ်။

သူတို့လည်း ပြန်လာရော ကျိုးအော ကာ က ကျောက်ချင် ကို ဆောင်းရာသီ အဝတ်ထူထူ လေး ကမ်းပေး လိုက်လေတယ်။

သူတို့ ဂူထဲ ကနေ ထွက်တော့ မယ့် အချိန်မှာ ကျောက်ချင် က အဝတ်ထူ ကို ချွတ် ပြီးတော့ ဂူထဲမှာ ထားခဲ့တာ ပဲ ဖြစ်လေတယ်။ သူ့အဝတ် တွေ အကုန်းလုံး စိုကုန် မှာကို ကြောက် လို့ပဲ ဖြစ်လေတယ်။ အခုချိန် မှာတော့ သူက အဝတ်ကို ထိလိုက်ကာ ကျိုးကောအာ ရဲ့ နွေးထွေးမှု ကို ခံစား မိလေတယ်။

ဂူ ထဲမှာ မိန်းကလေး ငယ်လေး တွေနဲ့ ကောငယ် လေးတွေ ရှိကြလေတယ်။ ဒါကြောင့် ကျောက်ချင် က အတွင်းဘက် ထိ လျောက်သွား ပြီးတော့ မှောင်နေတဲ့ ထောင့်အကွယ် ရှိရာ ဆီကို သွားလိုက်တယ်။ ဘယ်သူ ကမှ အဲ့ အထဲ ထိ ကို ဝင်မလာ ပါပေ။

သူက စိုနေတဲ့ အပေါ်ဝတ်ကို ဖယ်ကာ အဝတ်ထူ ကို ဝတ်လိုက် လေတယ်။

သူက အဝတ်အစား လဲ ပြီး ထွက်လာချိန်မှာတော့ လူတိုင်း က အစာ စ စားနေကြ ပြီပဲ ဖြစ်လေတယ်။ အစောက အတူ တက်ကြွ နေတဲ့ လေထု က အခုချိန်မှာတော့ လေးလံ နေပြီပဲ ဖြစ်ကာ လူတိုင်းကို ကြည့်ရတာ အကုန်လုံး လေးလံ စိတ်ပျက် နေကြ ဟန် ပါပဲ။

မိသားစု တွေကလည်း အပျက်အစီး တွေပေါ်မှာ ထိုင်နေကာ ဘယ်သူ့ ဘယ်သူ ကိုမှ ဂရုမစိုက်ကြ တော့ပါပေ။

အခုမှ တစ်ပတ် မပြည့်သေး တဲ့ အတွက်ကြောင့် လူတိုင်းမှာ စားစရာ တွေ ရှိကြ ပါသေးတယ်။ သူတို့တွေ ထွက်ပြေး လာတဲ့ လမ်းမှာ ရေနွေးငွေ့နဲ့ ပေါင်းစား ရတဲ့ ပေါက်စီ တွေ သယ်လာ ခဲ့ကြတယ်လေ။ တစ်ချက် ကြည့် ရုံနဲ့တင် သူနဲ့ ဟော်ဆန်းအာ တို့သာ တောင်ပေါ်ကို အစားအစာ မယူလာ ကြတာ ပဲ ဖြစ်လေတယ်။

လူတိုင်း က တစ်စိမ်းတွေ လို ပြုမူ ကြပြီးတော့ သူတို့တွေ ရဲ့ ခေါင်းတွေကို ငုံ့ကာ စားသောက် နေကြ ပြီးတော့ သူက ဂူအလယ်မှာ ရပ်နေတာ ကို ဘယ်သူ ကမှ ဂရုမစိုက် ခဲ့ ကြပါပေ။

ကျောက်ချင် က သူ့ခေါင်းကို အသာလေး ခါလိုက်တယ်။ အမှန်တော့ ဒီအချိန်မှာ လူတိုင်း က သူတို့ဘာသာ သူတို့ပဲ ဂရုစိုက် ကြတာ ​ကို သူ မအံ့ဩ ပါပေ။

တံငါသည် (BL) Where stories live. Discover now