အပိုင်း (33.2)

584 105 0
                                    


(33.2)

ကျိုးကောအာ က သွားပို့ ခိုင်းတဲ့ ပစ္စည်း ကို ပို့ပေး ပြီးတော့ အဲ့မှာ ပဲ စားသွား ဖို့ အကြောင်းဖန် လာတယ်။

အချိန် က အတော်​လေး ကို နောက်ကျ နေပြီ ဖြစ်တာကြောင့် သူ့ကို ရွာသူကြီး က ဒီဘက်က ဂူထဲမှာ ပဲ နေပြီးတော့ အတူတူ ဝိုင်းစားဖို့ ပြောပေမယ့် ကျိုးကောအာ ကတော့ ငြင်းပယ် ကာ အမြန်ပဲ ပြန်လာ ခဲ့လေတယ်။

ညအချိန်မှာ လေက ပိုပြင်း ပြီးတော့ နှင်းတွေ ကလည်း မြေပြင်ထက်ဆီ ကို ပိုပြီးတော့ လေးလံ စွာ ကျဆင်း နေခဲ့ လေတယ်။

လာတဲ့ အချိန်တုံး က လမ်းတွေက ခြောက်သွေ့ နေခဲ့ လေတယ်။

တစ်ခဏလေး ပဲ ကြာပေမယ့် လမ်းပေါ်မှာ နှင်းအလွှာပါးလေး တစ်ထပ်က တင်နေပြီ ဖြစ်ကာ အနိမ့်ပိုင်း ချုံနွယ် လေးတွေ ဆိုရင် နှင်းဖက် တွေနဲ့ မြေပြင်ပေါ်မှာ အဖုံးခံထား ရပြီးပြီ ပဲ ဖြစ်လေတယ်။

သူက အပြန်လမ်းကို သိလေတယ်။ ဒါကြောင့် သယ်ရမှာ အရမ်းကို ပြဿနာ များတဲ့ မီးတုတ်ကို ယူမလာ ခဲ့ ပါပေ။

ဘေးနားက အမဲရောင် ချုံပုတ်လေး က လှုပ်သွားတာ ကို သူ သတိထား မိကာ စောင့် ကြည့် နေလေတယ်။

နောက်တော့ အဲ့တာ က ဘာလဲ ဆိုတာကို သေချာမြင် ရအောင် သူက ဆောင့်ကြောင့် ထိုင်ပြီးတော့ ကြည့်လိုက် လေတယ်။

သူက ဆောင့်ကြောင့် ထိုင်ပြီးတော့ ထိကြည့်လိုက် လေတယ်။ အဲ့အခါမှ သူ့လက်ထဲမှာ အမွှေးပွ တစ်ခုကို ဆုတ်ကိုင် မိသွားတယ် ဆိုတာကို သလိုက် ရတယ်။

အဲ့တာ က မီးခိုးရောက် ယုန် အသေး လေးပဲ။

အဲ့တာလေး က မျက်လုံးတောင် မဖွင့်သေး ပါပေ။ သူက အရမ်းကို ပဲ အေးတဲ့ အတွက်ကြောင့် မပြေးနိုင်တော့တာ ပဲ ဖြစ်ရမယ်။ ပြီးတော့ သူ့အမေ ကိုလည်း ပျောက်သွားတာ ပဲ ဖြစ်ရမယ်။

အဲ့တာလေး ရဲ့ အမွှေးတွေက နှင်းရေတွေ နဲ့ အနည်းငယ် စိုရွဲနေတာ ကြောင့် အမွှေးလေး တွေကို အသာလေး ပွတ်ပြီး ရေတွေကို ဖယ်ကာ သူ့ရဲ့ လက်မောင်းကြား ထဲ ထည့်လိုက် ပြီးတော့ လမ်းလျောက် ပြန်လာ ခဲ့လေတယ်။

တံငါသည် (BL) Where stories live. Discover now