အပိုင်း (29.1)

771 114 2
                                    

(29.1)

နောက်တစ်ရက် မှာတော့ ဂူ နှစ်ခုလုံး က လူတွေ ကလှေ တစ်စင်း အတူတူ ဆောက်ဖို့ အတွက် လာခဲ့ ကြလေတယ်။ ပြီးတော့ ငါးဖမ်း သွားရမယ့် ဟော်ဆန်းအာ က ငါးဖမ်း မသွားပဲ နဲ့ ငြင်းဆန် နေခဲ့လေတယ်။

'' လျုကျွမ့် မင်းနဲ့ ကျန်းရှု တို့ ဒီနေ့ ငါးဖမ်း သွားထွက် ကြလေ''

ဟော်ဆန်းအာ က ဒီနေ့တော့ သူ သစ်ပင် ခုတ်တော့မယ့် ဟန် ဓားကို လက်ထဲမှာ ကိုင်ထား ​ပြီးတော့ ကျန်းကောအာ ရဲ့ အမျိုးသား လျုကျွမ့် ရဲ့ ပုခုံးကို လွှမ်းမိုးစွာ ပုတ်ရင်း ပြောလိုက်တယ်။

'' ဘာဖြစ်လို့လဲ? ''

လျုကျွမ့် ခမျာ မမျှော်လင့်ပဲ ကြားလိုက် ရတာ ကြောင့် မေးလိုက် လေတယ်။

'' မင်းပဲ အပြင်ကို ထွက်ပြီး ငါးဖမ်း ချင်နေ ပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ သွားပြီးတော့ ငါးဖမ်းချည်လေ''

လျုကျွမ့် ရဲ့ စွေစောင်းကြည့်ခြင်း ခံရတဲ့ အချိန်မှာတော့ ဟော်ဆန်းအာ က အလောသုံးဆယ် စိုးရိမ်စွာနဲ့ ​ပြောလိုက်တယ်။

'' ဘာများ မှားနေလို့လဲ?  မင်း က မသွားချင်ဘူးလား? ''

ကျောက်ချင် က ဘေးနားမှာ ရပ်နေ ပြီးတော့ ရယ်ချင်စိတ် ကို ထိန်းထား ခဲ့ ရတယ်။ ကြည့်ရတာ ဟော်ဆန်းအာတော့ လျုကျွမ့် တစ်ယောက် လှေပေါင်းဆောက် နေတုံး မနေ့ည က ကိစ္စကို လူတိုင်းဆီကို ပြောပြ လိုက်မှာ ကြောက်နေ ဟန်ပဲ။

ဟော်ဆန်းအာ လက်ထဲက ဓားကို တစ်ချက် ကြည့်လိုက် ပြီးတော့ ကျောက်ချင် က အပြုံးတစ်ချက် ပြုံးလိုက်လေတယ်။

'' လျုကျွမ့် မင်းပဲ ဒီနေ့တော့ ငါးဖမ်း ထွက်လိုက်တော့ ကွာ။ ဟော်ဆန်းအာ မှ မသွားချင်တာ ဆိုတော့ အဲ့တာ ကိုမေ့လိုက်ပါလေ''

သူက ပြောမှတော့ လျုကျွမ့် က လက်ခံလိုက် ပြီးတော့ ဟော်ဆန်းအာ ကိုလည်း ဘာကြောင့် လဲ ဆိုပြီးတော့ မေးခွန်း ထပ်မထုတ် တော့ပါပေ။ သူက သူ့ဖူလန် ကိုလှမ်းခေါ်လိုက် ပြီးတော့ လင်လင် နှစ်ယောက် လှေထွက်ဖို့ သာ သွားလိုက်တော့တယ်။

ဟော်ဆန်းအာ ရဲ့ အမူအရာ က ပိုကောင်းလာကာ သူက ကျောက်ချင် ဘက်ကို ခေါင်းလေး စောင်းပြီးတော့ နူးညံ့တဲ့ အသံလေး နဲ့ ပြောလာ ခဲ့လေတယ်။

တံငါသည် (BL) Where stories live. Discover now