အပိုင်း (24.2)

1.3K 214 1
                                    

(24.2)

ကျောက်ချင် က ကောင်လေး ရဲ့ နောက်ကျောကို ထိလိုက်တယ်။

'' ငါ ချောင်ဖန် ကို ပြောခဲ့ ပြီးပြီ။ သူမ က နောက်ဆိုရင် မင်းကို မပျော်မရွင် ဖြစ်အောင် လာလုပ် ရဲတော့မှာ မဟုတ်ဘူး ။ ''

''ခများ......''

ကျိုးကောအာ က လန့်ဖြတ် သွားကာ သူ့ခေါင်းကို မော့လိုက် ပြီးတော့ ကျောက်ချင်ကို ကြည့်လိုက်တယ်။

'' ခများ မလုပ်ခဲ့ လောက်ပါဘူး နော်....ခများ တစ်ယောက် ယောက်ကို ရိုက်ခဲ့ သေးတာလား? ''

ကျောက်ချင် ခမျာ မထိန်းနိုင်ပဲ ရယ်မိသွားလေတယ်။ ပြီးတော့ သူက ကျိုးကောအာ ရဲ့ ခေါင်းလေးကို သူ့ရင်ဘက်ဆီ ပြန်ပြီး ဖိချ လိုက်လေတယ်။

'' ကိုယ် က အဲ့လောက်တောင် ဆိုးသွမ်း တဲ့ကောင် ကြီးလို့ မင်းက ထင်နေတာ လား?  ဘယ်လို ကိစ္စ မျိုးပဲ ဖြစ်ပါစေ မိန်းမ တစ်ယောက် ကိုတော့ ကိုယ် မရိုက် ပါဘူးကွ ''

အဲ့အခါ မှပဲ ကျိုးကော အာ ရဲ့ နှလုံးသား လေး ခမျာ ပြန်ပြုတ် ကျသွားလေတယ်။

ကျိုးကောအာ ကလည်း ကျောက်ချင် ကို ဆုပ်ကိုင် ထားနိုင် စဥ်မှာ သူလည်း လက်လွတ်မပေး လိုပါပေ။ လွန်ခဲ့တဲ့ လ အနည်းငယ် က စိတ်ပိုင်းဆိုင်ရာ ဖြစ်သန်း ခဲ့ မှုတွေကို ပြန်တွေး ကြည့် မိလိုက်တဲ့ အခါ သူ့အတွက် တစ်ကယ်ကို မလွယ်ကူ ခဲ့ပါပေ။

သူ့ရဲ့ နှလုံးသား သား အနက်ရှိုင်း ဆုံးမှာ ကွယ်ဝှက်ထား ခဲ့တဲ့ အရေးအကြီးဆုံး လျှို့ဝှက်ချက် တွေကို သူ စောစော ကတည်း က ထုတ်ပြော ခဲ့သင့်တာ။

ကျိုးကောအာ က အံကို ကြိတ်ကာ ပြောလိုက်တယ်။

'' အကိုကျောက် ကိုလည်း ငါ တကယ်ကြိုက်ပါ တယ်။ ပြီးတော့ အကိုကျောက်ရဲ့ ဖူလန် ဖြစ်လာ ရတဲ့ အတွက်လည်း ငါ ဝမ်းသာ မိပါတယ် ''

ကျောက်ချင်က ကျိုးကောအာ ကို နက်ရှိုင်းစွာ ဂရုစိုက်နေတာ ဖြစ်ပြီးတော့ ကျိုးကောအာ က ကိုယ်ပိုင် ခံစားချက် တွေ မျှ ဝေလာတဲ့ အချိန်မှာတော့ ကျောက်ချင် ခမျာ မနေနိုင်တော့ပဲ သူ့ရဲ့ နှုတ်ခမ်း ဖြူဖျော့နဲ့ ကျိုးကောအာ ရဲ့ ပါးလေး ကို နမ်းလိုက် လေတယ်။ ပြီးတော့ နဖူးလေး ကိုလည်း အနမ်းတစ်ချို့ ပေးကာ လွတ်ဖို့ကို တုံ့ဆိုင်း နေရင်း ပြောလိုက် လေတယ်။

တံငါသည် (BL) Where stories live. Discover now