အပိုင်း (8.3)

1.8K 336 11
                                    

(8.3)

သူက ရစ်ငှက်ရဲ့ ခြေထောက်တွေကို အုန်းထန်းရွက်တွေနဲ့ သေချာချည်ပြီးတော့ အဲ့တာ က လုံးဝကို လှုပ်လို့ မရစေအောင် သေချာထားလိုက်တယ်။ သူက ရစ်ငှက်ဝတုတ်ကို ကိုင်ကြည့်ရင်း  ၃ ကတ်တီ ဒါမှမဟုတ် ၄ ကတ်တီလောက် ရှိမယ်လို့ ထင်ရလေတယ်။ ပြီးတော့ အဲ့တာကို အိမ်ကိုပြန်ယူ သွားပြီးတော့ သစ်အယ်သီးနဲ့ရော ကာ စတူးလုပ်စား မယ်လို့ ဆုံးဖြတ်လိုက်တယ်။

'' ဒီနေ့ကတော့ အတော်လေး ကို ကံတွေ ကောင်းနေတာပဲဟေး''

သူက ရစ်ငှက်ရဲ့ ခြေထောက်ကို ကိုင်ကာ ရစ်ငှက်ဗိုက်ကို အသာပုတ်ပြီးတော့ မျက်ခုံးကို ပင့်လိုက်ကာ  မျက်နှာအမူအရာ က ပိုကောင်းပုံ ပေါ်လာလေတယ်။

သူလည်း တောင်ခြေကို ရောက်တဲ့ အခါမှာတော့ ကောင်းကင်ကြီးက မှောင်နေပါပြီ။ ဒါပေမယ့် အဲ့တာက အရမ်းတော့ နောက်မကျ သေးပါပေ။ ပြောရရင် အခုလိုမှောင်မဲနေတာ က မိုးရွာချတော့မယ့် ဟန်ပေါ်နေလေတယ်။

ကျောက်ချင် က ရစ်ငှက်ကို သယ်လာရင်း ခပ်တိုးတိုး ရေရွတ်လိုက်လေတယ်။ ဒီရက်အနည်းငယ်အတွင်းမှာ ပဲ ရာသီဥတုက အတော်လေးကို ထူးဆန်းနေလေတယ်။ တစ်ခဏလေးတင် နေသာနေပြီးတော့ နောက်တစ်ခဏ ကြတော့ မိုးရွာချင် ရွာနေမှာပဲ ဖြစ်လေတယ်။

အဲ့လို ရာသီမျိုး ဆက်ဖြစ်နေရင် ပင်လယ်ထဲကို သွားလို့ ရပါအုံးမလားပဲ?

အရမ်းအန္တရာယ် များတယ်။

တံငါသည်တွေက ကောင်းကင်ကြီးအား အစားအသောက် တွေအတွက် မှီခိုရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီရက်တွေမှာတော့ လူတွေစားဖို့ လောက်ထိ အစားအစာက တကယ်ကို လုံလောက်စွာ မရခဲ့ ပါပေ။

သူအိမ်ကိုပြန်ရောက်တဲ့ အခါ ကျိုးကောအာ က ပင်လယ်ကျော်ရေမှော်တွေကို ပြန်သိမ်းနေပါပြီ။ ကျောက်ချင် ပြန်လာတာကို တွေ့လိုက်ရတော့ ကျိုးကောအာ က အနည်းငယ် ပျော်ရွှင် သွားခဲ့လေတယ်။

ကျိုးကောအာ ရဲ့ ခြေထောက် လေး ထော့နဲ့ထော့နဲ့ နဲ့ လျောက်လာပြီးတော့ ကျောက်ချင်ကို ကူသယ်ပေးချင် နေခဲ့တယ်။

တံငါသည် (BL) Where stories live. Discover now