အပိုင်း ( 14. 3)

1.5K 276 1
                                    

(14. 3)

ကျောက်ချင် က ဒီဘက်ကို ခဏခဏ လှမ်းခိုးပြီးတော့ ကြည့်နေတဲ့ မျက်လုံး ဝိုင်းဝိုင်း ကြီးတွေ ရှိတဲ့ ကလေးမလေး ​ကို ကြည့်လိုက်တယ်။

သူမ လေး က မျက်တောင် မခတ်တမ်း ကြည့်နေတဲ့ အတွက်ကြောင့် အသားကို စားလို ဟန် အား လုံးဝ ဖုံးထားလို့ မရပါပေ။

'' ကောင်းပြီ ''

ကျောက်ချင် က ဓားကို သွားယူကာ အသားကို လေးပိုင်း ခွဲလိုက်တယ်။ ပြီးတော့ အဲ့ထဲက နှစ်ခုကို ဟော်မောင် နှမ ကို ပေးလိုက် တာကြောင့် နှစ်ခု ကျန်လေတယ်။

ကျောက်ချင် က သူ့ဝေစု ထဲက တစ်ဝက် ကို ခွဲလိုက် ပြီးတော့ ကလေး မလေး ကို တစ်ဝက် ပေးလိုက်လေတယ်။ ဆိုတော့ ပန်းကန် ထဲမှာ တစ်ခု နဲ့ တစ်ဝက် သာ ရှိတော့တယ်။

ကျိုးကောအာ က တစ်ခုရဲ့ တစ်ဝက် ပဲ ရှိနေတဲ့ ပန်းကန် ထဲကို သူ့လက်ထဲ ယူလိုက်ကာ တစ်ခု ရှိတဲ့ ပန်းကန် ကိုတော့ ကျောက်ချင် ဆီကို ကမ်းပေး လိုက်လေတယ်။

'' မင်း ဘာလုပ်တာ လဲ?''

ကျောက်ချင် ​က လက် ကို ဆန့်ထုတ်ကာ ကျိုးကောအာ ကို ပြန်တိုးပေးရင်း မေးလိုက်လေတယ်။

သူက နည်းနည်း ပဲ စားလို့ ရပါတယ်။ အဲ့အခါ ကျရင် သိပ်ပြီးတော့ မဆာ တော့ဘူး ပေါ့။

ကျိုးကောအာ က ငြင်းပယ်လိုက်တယ်။

'' ငါ က ခြေထောက် မကောင်းတဲ့ အတွက်ကြောင့် ငါအပြင် ထွက်ပြီးတော့ အစာ မရှာ နိုင်ဘူးလေ။ တကယ်လို့ ငါ နည်းနည်း ပဲစားလဲ သိပ်ကိစ္စမရှိဘူးလေ''

''မရ ပါဘူး ''

ကျောက်ချင် ကစူးရဲ စွာ ပြောလိုက်တယ်။

ထိုအချိန်မှာ ဟော်လင်းလင်း က လည်း ပန်းကန် တစ်လုံး ထိုးပေးလာခဲ့တယ်။

'' အကိုကျောက် ငါ့ ပန်းကန် ကို စားလိုက်ပါ။ ငါက အစားနည်း ပါတယ်'''

ကျောက်ချင် က မျက်မှောင် ကြုတ်လိုက် လေတယ်။

သူမက ဘာလုပ်ချင် နေတာလဲ။

သူက ဟော်ဆန်းအာ ကို ကြည့်လိုက် လေတယ်။ ဟော်ဆန်း အာ ကလည်း အဲ့တာကို မြင်သွားလေတယ်။

တံငါသည် (BL) Onde as histórias ganham vida. Descobre agora