အပိုင်း (9.2)

1.8K 315 9
                                    

(9.2)

ကျိုးကောအာ က ကျောက်ချင် ဘာဖြစ်ချင်နေမှန်း မသိပါပေ။ သူက အရိုးတွေများတဲ့ အသားတစ်တုံးကို ယူစားလိုက်လေတယ်။

ကျောက်ချင် က သံဟာ သံမဏိ ဖြစ်မလာလို့ မုန်းတီးနေခဲ့တယ်။

( မျှော်လင့်ထားသလို ဖြစ်မလာတာကိုပြောတာ)

ကျိုးအိမ်မှာ ကလေး လေးယောက်တောင် ရှိတယ်လို့ ကျောက်ချင် ကြားခဲ့ဘူးတယ်။ ကျိုးကောအာ ရဲ့ လက်နှုန်းနဲ့ဆို သူက ကြီးထွားလာမှာတောင် မဟုတ်ပေ။

'' များများ ပိုစား ''

ကျိုးကောအာ က ပန်းကန်နဲ့ အပြည့် ကြက်သားတွေကို ရတာ တွေ့တော့ ကျိုးဝေ့ရှီး က ပါးစပ် အငြိမ်မနေပဲ ထပ်ပြောပြန်တယ်။

'' ကျောက်ချင် သူ့ကို အဲ့လိုမျိုး အမြဲတမ်း မလုပ်နဲ့။ အမျိုးသားတွေက ပိုစားသင့်တယ်။ ကောဆိုတာ တစ်နေ့ တစ်ခါလောက် စားရင် လုံလောက်ပြီ။ သူက အိမ်မှာ ဘာမှ သိပ်ပြီးမလုပ်နိုင်တာ။ သူက မင်းအတွက် ဘာများလုပ်ပေး နိုင်မှာ မလို့လဲ''

ကျောက်ချင် က အေးစက်စွာ ပြောလိုက်တယ်။

'' အိမ်မှာ က ကျုပ်တို့ နှစ်ယောက် ပဲ ရှိတာ။ သူ့ကို အစာမကျွေးလို့ ကျုပ်က ဘယ်သူ့ကို ကျွေးရမှာလဲ ''

ကျိုးဝေ့ရှီး က ချောင်းဆိုးသွားကာ ကျိုးကောအာ ကို တောင်မှ သတိမပေးနိုင်တော့ပေ။

ကျောက်ချင်လို လူက လူကြီးလူကောင်း အရမ်းဆန်နေတယ်ပေါ့လေ။

ကျိုးဝေ့ရှီး က သူမ မျက်လုံးကို လှိမ့်ကာ နူးညံ့ပြီး ချိုမြိန်တဲ့ သစ်အယ်သီးစေ့ တွေကိုစားဖို့ ဇွန်းအပြည့်တစ်ဇွန်း ခပ်ယူလိုက်တယ်။

သူမက ဒီကိုလာပြီးတဲ့နောက် ဒီလောက်ကောင်းတဲ့ အစာတစ်နပ် စားရလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ပေ။ သူမ ထင်ခဲ့တာ ကတော့ ကျောက်မိသားစု က အခုချိန်မှာ အရမ်းဆင်းရဲနေပြီလို့ပေါ့။ ဒါပေမယ့် ကျောက်ချင် က အလှလေး ကိုရဖို့ ငွေတုံးတစ်ဒါဇင်ကိုတောင် သုံးခဲ့တာလေ။ ဆိုတော့ သူမ က အနာဂတ်မှာ ဒီအိမ်ကို မကြာခဏ လာလည် ရမယ့် ပုံပဲ။

တံငါသည် (BL) Where stories live. Discover now