အပိုင်း (11.2)

1.7K 308 1
                                    

(11. 2)

ကမ်းခြေ ဆီကို ပြန် ရောက်တော့ သူက လှေကို ချည်ကာ သူ့ရဲ့ခါးနဲ့ ခေါင်းကို အညောင်း​ဖြေကာ ကြည့်လိုက်တယ်။ အဲ့အချိန်မှာ တံငါသည်တွေ အများကြီး ကလည်း ငါးဖမ်းလှေ တွေကို ပြန်လည်ပြီးတော့ စုစည်း လာပြီ ပဲ ဖြစ်လေတယ်။ ကျောက်ချင် က လာကြိုနေကြတဲ့ လူအုပ်ထဲကို ပုံရိပ်လေး တစ်ခု အား လိုက်ရှာနေခဲ့တယ်။

သူက ကျိုးကောအာ ကို မြင်ချင် ပေမယ့် ကျိုးကောအာ အနာကြီးနဲ့ သူ့ကို လာကြိုမှာ ကိုလည်း စိုးရိမ် မိပြန်တယ်။ နောက်ဆုံးမှာတော့ ကျိုးကောအာ ကို မတွေ့တဲ့ အတွက်ကြောင့် ကျောက်ချင် က အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက် ရပြန်တယ်။

'' ငါးဖမ်း ပြန်လာပြီ ပေါ့? ''

မေးခွန်း မေးတဲ့ အသံကြားလို့ လှည့်ကြည့်လိုက်ချိန်မှာ ဒီနေ့ ငါးဖမ်းထွက်တုံး က တွေ့ခဲ့တဲ့ အဖိုးကြီး က သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

သူ့စိတ် ထဲမှာတော့ ဒီလူ အတွက် ဘာထင်မြင်ချက် မှ မရှိပေ။ ဒါကြောင့် အသံတစ်ချို့ ပြုကာ ဟုတ်ကြောင်း ပြလိုက်တယ်။

သူ့ရဲ့ မျက်နှာ က မပြောင်းလဲ ပဲ ရှိနေပေမယ့် ထိုလူကြီး ကတော့ ထွက်သွားဖို့ စိတ်ကူးမရှိပဲ သူ့ကို စကားဆက်ပြောနေခဲ့တယ်။

''ငါးတွေ အများကြီး တောင် ဖမ်းမိခဲ့သေးတယ်ပေါ့!  မင်းက ရေမှော်တွေ အများကြီးကို ဘယ်နေရာ ကနေ ခူးလာတာလဲ? ''

ကျောက်ချင် က ငါးခြင်းတောင်းနဲ့ ရေမှော် ခြင်းတောင်း တို့ကို ဖုံးကွယ်ထား ခြင်း မရှိပဲနဲ့ လှေပေါ်ကနေ ရွေ့လိုက်လေတယ်။

'' တံငါရွာ ဧရိယာ အလွန် အရှေ့တည့်တည့်မှာ ပင်လယ် ကျောက်တန်း အသေးလေး ရှိတယ်။ ရေမှော်တွေ ကလည်း အဲ့က ခူးတာ ငါးက လည်း အဲ့က ဖမ်းလာတာ ''

'' အန္တရယ် ရှိလောက်တဲ့ အထိ ဝေးတာပဲ ''

လူအိုကြီးက သူ့ရဲ့ ငါးတွေ ပြည့်နေတဲ့ တောင်း ကို မနာလိုစွာ ကြည့်ပြီးတော့ ပင်လယ်ရဲ့ အဝေးတစ်နေရာ ကို ကျောက်ရွံ့စွာ ကြည့်လိုက်လေတယ်။

တစ်ခဏ ကြာတော့ လူငယ် တစ်ယောက် က ကမ်းခြေ ကနေ ပြေးလာခဲ့တယ်။

တံငါသည် (BL) Where stories live. Discover now