အပိုင်း (2.1)

2.5K 336 4
                                    

(2.1)

ကျောက်ချင် က ကျထားတဲ့ ရေတွေကို သုတ်လိုက်တယ်။ သူလည်း အောက်ထပ်ကို ဆင်းလာရော ကျိုးကောအာ က အဝတ်အစားတွေ ကို လဲ ပြီးသား ဖြစ်နေခဲ့တယ်လေ။

ကျိုးကောအာရဲ့ လက်ထဲမှာတော့ နောပ်ထပ် အဝတ်တစ်စုံကို ကိုင်ထားပြီးတော့ ကျောက်ချင်ဆင်းလာတာ ကို တွေ့တဲ့အခါ ထိုအဝတ်အကြမ်းထည်ကို ကျောက်ချင်ဆီ ကမ်းပေး လိုက်လေတယ်။

သူက သဘာဝ အတိုင်းပဲ အစောက ဖြစ်ခဲ့တဲ့ ရှက်ဖွယ် ကိစ္စကို မေ့ပစ်ဖို့ပဲ ရွေးချယ် ခဲ့လေတယ်။ ကျောက်ချင် က သူ့ရဲ့ ကိုယ်ကို သုတ်ကာ အဝတ်တွေကို လဲလိုက်လေတယ်။ ပြီးတော့ အတော်လေး စိတ်သက်သာရာ ရသွားတယ်လို့ ခံစားရလေတယ်။

အခန်းထဲက ဆီ မီးအိမ် လေး တစ်ခု ကို မီးထွန်းညှိထား ခဲ့လေတယ်။ ပြီးတော့ ဖျော့တော့ နေတဲ့ မီးအလင်းရောင် တစ်ခုဟာ မှောင်မဲနေတဲ့ အခန်းကို တောက်ပ လာစေတယ်။ ကျိုးကောအာက မီးစတင်မွှေးပြီးတော့ ချက်ပြုတ်တော့တယ်။

ကျိုးကောအာ က အိုးကို ဆေးပြီးတော့ ဆန်ထည့်နေလေတယ်။ သူ့ရဲ့ အရိပ်ဟာ မီးဖိုချောင်ထဲ ကနေ ပေါ်ထွက်လာခဲ့တယ်။ မီးဖိုရှေ့မှာ ကျိုးကောအာ က အရမ်းကို အလုပ်ရှုပ်နေတာကို ကျောက်ချင်တွေ့ လိုက်ရတော့ သူငယ်စဥ် အချိန်တုံး က မြင်ကွင်း တွေနဲ့ ရင်းနှီးနေတယ် လို့ ရုတ်တရက် ခံစားလိုက် ရလေတယ်။

အဲ့အချိန်တုံး က ကျောက်ချင်ဟာ သူ့အဖွား ဖြစ်သူနဲ့ အတူ နယ်ဘက်မှာ နေထိုင်ရတာ ဖြစ်ပြီးတော့ လျှပ်စစ်မီးလဲ မရပါပေ။ ရေနံဆီ မီးအိမ်လေး တစ်ခု ထဲ ထွန်းထား ပြီးတော့ အေပရွန်ဝတ်ထားတဲ့ အဖွားရဲ့ အရိပ်က ကျိုးကောအာ လိုမျိုး မီးဖိုချောင်ထဲက ထွက်လာခဲ့လေတယ်။

နောက်ပိုင်းမှာတော့ အဖွားက ဆုံးပါးသွားပြီးတော့ သူက မိဘမဲ့ ဖြစ်သွားကာ မြို့ပေါ်ကို အလုပ်လုပ်ဖို့ သူ့တစ်ယောက် ထဲသာ တက်လာခဲ့ရတယ်လေ။

လောကဓံကို စမ်းတဝါးဝါးနဲ့ အလူးအလိမ့် ခံရပြီးတဲ့နောက်မှာတော့ သူက ဂန်းစတား တစ်ယောက် ဖြစ်လာခဲ့ရတယ်။

အပြင်ဘက်မှာ မိုးတွေ ရွာပြီးတော့ လေတွေ တိုက်နေပေမယ့် အိမ်ထဲက မိသားစုဝင်တွေ ကတော့ ဟင်းချက်နေခဲ့တယ်။

တံငါသည် (BL) Where stories live. Discover now