အပိုင်း (12.2)

1.6K 286 5
                                    

(12. 2)

သူ တကယ်ကြီး မသေချင်သေးပေ။ တကယ်လို့ သူ့မှာသာ ပြောခွင့် ရှိမယ် ဆိုရင် သူ မသေချင် သေးပါပေ။

ကျိုးကောအာ က ကျောက်ချင်ရဲ့ လည်ပင်းကို တင်းကြပ်စွာ ဖက်ထားပြီးတော့ သူ့ရဲ့ ခေါင်းကို ကျောက်ချင်ရဲ့ ရင်ခွင်ထဲ မြုပ်ထားပြီးတော့ မျက်လုံးတွေက စိုစွတ်လာခဲ့တယ်။

ကျောက်ချင်က အမြဲတမ်း ရုပ်ပိုင်းဆိုင်ရာ သန်မာ ခဲ့ပေမယ့် မူရင်း ကိုယ် ကတော့ ရုပ်ပိုင်းဆိုင်ရာ မသန်မာ ခဲ့ပါပေ။

သူက တောင်ခြေအား ကျိုးကောအာ ကို ချီကာ ပြေးတဲ့ အခါ သူ့ရဲ့ ကိုယ်က​ ချွေးတွေ အများကြီး ထွက်နေခဲ့ ပြီပဲ ဖြစ်လေတယ်။ ပြီးတော့ ကိုယ်တစ်ခုလုံး က ချွေးတွေ စိုရွဲနေ ပြီပဲ ဖြစ်လေတယ်။

နောက်ဆုံးအကြိမ်တုံး က သူတောင်ပေါ် ကို တက်တဲ့ အခါ ခပ်ဖြေးဖြေးသာ တက်ခဲ့လေတယ်။ အဲ့တာက တစ်နာရီခွဲလောက် ကြာလေတယ်။

အခုချိန် က အသက်ဘေး ကနေ လွတ်အောင် ပြေးနေရ တာ ဖြစ်လို့ အရှိန် နဲ့ အချိန်က အဲ့တုံး ကထက် တစ်ကယ်ကို ကွဲပြားလေတယ်။ တောင်ပေါ်ကို ရောက်ဖို့ ဆယ်မိနစ်တောင် မကြာလိုက်ရ ပါပေ။

ထိုနေရာမှာ လူတွေ အများကြီးက တောင်အောက်မှာ တစ်ခဏ ရပ်နားနေခဲ့ကြတယ်။ သူတို့တွေ ကတော့ ရှန်ယု ရွာက တစ်ရွာတည်းသား တွေ ဖြစ်ကြလေတယ်။

လူတိုင်း က မောပန်း နေကြပြီးတော့ မီးတုတ်ရဲ့ အလင်းရောင် က တောထဲမှာ အလင်းရနေကာ သူတို့က မတက်နိုင်ပဲ ကျောက်ချင် တို့နှစ်ယောက် ကို ဝိုင်းကြည့် ကြ မိလေတယ်။

ရွာသားတွေရဲ့ စူးစိုက် ကြည့်ခံ ရတာကြောင့် ကျိုးကောအာ ရဲ့ မျက်နှာ က ပူလောင်နေကာ မသိလိုက်ပါ ပဲနဲ့ သူ့ရဲ့ ခေါင်းကို လှည့်ကာ ကျောင်ချင်ရဲ့ ရင်ခွင်ထဲမှာ ပုန်းလိုက်လေတယ်။

ကျောက်ချင် က အသက်ပြင်းပြင်း တစ်ခဏ ရှုသွင်းပြီးတော့ သူက ရွာသားတွေရဲ့ အကြည့်နဲ့ ကျိုးကောအာ ရဲ့ အဆင်မပြေ မှုကို သတိပြုမိသွားတယ်။

သူ့ရဲ့ မျက်ခုံးထူထူ တွေက စုကြုံ့သွားပြီးတော့ ခပ်ဆိုးဆိုး အသံတစ်ခု လုပ်လိုက်တယ်။

တံငါသည် (BL) Wo Geschichten leben. Entdecke jetzt