အပိုင်း (29.2)

677 122 0
                                    

(29.2)

ထိုနေရာ က အရင် ကလောက်တော့ မကောင်းပေမယ့် လို့ သက်တောင့် သက်သာ ဖြစ်တဲ့ အနေအထား ရှိတယ် လို့တော့ ပြောလို့ ရလေတယ်။

ဒါပေမယ့် မီးပုံနား မှာ ထိုင်နေတဲ့ အတော်လေး ပိန်ပါး တဲ့ အမျိုးသား တစ်ယောက် က နံရံကို မှီရင်း နဲ့ ထိုင်နေ ခဲ့လေတယ်။

ထိုလူ က လုံးဝ ကို အားအင် မရှိတော့တဲ့ ဟန်နဲ့ မှီနေရင်း သူက ဆိတ်သား စွပ်ပြုတ်ကို သောက်နေ ခဲ့လေတယ်။

ကျိုးဝေ့ရှီး က သူမ ရဲ့ အဖိုးတန် သားကြီးကို ကြည့်ရင်း နဲ့ သူမသားအတွက် စိတ်ပူနေတဲ့ အကြည့် က မျက်နှာ ပေါ်မှာ ပေါ်နေ ကာ ဘေးက အဒေါ် တစ်ယောက် နဲ့ အတင်း အဖျင်း ပြောနေ ခဲ့လေတယ်။

သူတို့လည်း အတင်းပြော ပြီးရော ကျိုးဝေ့ရှီး က သူမရဲ့ သားကို ပြောလိုက် လေတယ်။

'' တယု မင်း ဘာဖြစ် နေတာ လဲသား  ''

ထိုသူ က ကျိုးကောအာ ရဲ့ အကိုအကြီးဆုံး ဖြစ်တဲ့ ကျိုးတယု ပဲ ဖြစ်လေတယ်။ သူက အားပျက် နေတဲ့ ပုံ ဖြစ်နေ ပြီးတော့ မျက်ခွံကို အသာလေး ပင့်လိုက် လေတယ်။

'' အမေ ၊ ဒီငါး ဖမ်း ရတာ က အရမ်း ကို ပင်ပန်း ပါတယ်။ တကယ်လို့ ကျုပ်သာ ရှောက်ယု နဲ့ အတူတူ ငါးမဖမ်း ရဘူး ဆိုတာ သိရင် လိုက်မသွား ပါဘူး။ ဒါပေမယ့် ကျုပ် အခုတော့ ပင်ပန်း နေပြီဗျာ''

သူ့သား က အလုပ်ဆက် ပြီးတော့ မလုပ်ချင် တော့ဘူး ဆိုတာ ကို ကျိုးဝေ့ရှီး သိလိုက် ရလေတယ်။

ရွာမှာ သူတို့ နေကြတဲ့ အချိန်တုံး က သူ့မိန်းမ က သူ့အဝတ် တွေကို လျှော်ပေး ရတယ်။ သူ့ညီမလေး တွေက သူ့ကို အစာကျွေး ရတယ်။ ပြီးတော့ ငါးဖမ်းတာ က ကျိုးရှောက်ယု တာဝန် ပဲ ဖြစ်လေတယ်။

မိသားစု ထဲမှာ ဆို သူရဲ့ ဘေးမှာ လူတွေ ဝိုင်းမ ရတဲ့ အကြီးအကဲ တစ်ယောက် လိုပါပဲ။ သူက နည်းနည်းပဲ လှုပ်ရှား ရတဲ့ အခါ တစ်ခြား လူတွေက သူ့အတွက် ကိစ္စတွေ ကို ဆောင်ရွက် ပေးကြမှာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် အခုတော့ လူတိုင်း နဲ့ စုပေါင်း အလုပ် လုပ်ပြီးတဲ့နောက် သူ့ခမျာ မျက်ရည်တွေ ကျပြီး ဘုရားတ ချင်စိတ်တွေ ပါ ပေါ်လာ ခဲ့လေတယ်။ သူ လုံးဝ အဲ့တာ ကို ဆက်မ လုပ်နိုင် တော့ပါပေ။

တံငါသည် (BL) Hikayelerin yaşadığı yer. Şimdi keşfedin