အပိုင်း (38.1)

551 94 0
                                    

(38.1)

ကမာ ကောင် တွေကို ရောင်းချ ဖို့ ဆုံးဖြတ် လိုက်တဲ့ အချိန်က စပြီးတော့ ထိုနေ့ မှာပဲ သူက ကမာကောင် တွေကို သန့်ရှင်းရေး လုပ် ပြီးတော့ ကျောက်မီးသွေး တွေ ပြင်ဆင် တော့ လေတယ်။

သူက မနက်ဖြန် မနက်ခင်း အစော စျေးကို သွားပြီးတော့ ထိုကမာ ကောင် တွေကို ကင်ကာ ရောင်းချ တော့မှာ ပဲ ဖြစ်လေတယ်။

ပစ္စည်းတွေ ကို သွားရောင်း မယ်ဆိုတာ က ပြောလို့ လွယ်လေတယ်။ ဒါပေမယ့် သူက ကျိုးကောအာ ကို သူနဲ့ လမ်းတစ်လျောက် လုံး ကို လိုက်ခိုင်း ဖို့ အတွက် တော့ မစီစဥ် ထားပါပေ။

ထိုကိစ္စကြောင့် နှစ်ယောက်သား ကြားမှာ အငြင်းပွားစရာ တစ်ချို့ ပေါ်ပေါက် လာခဲ့တယ်။

ရွာကနေ မြို့အထိ က အတော်လေး ကို ဝေးလေတယ်။နေ့တိုင်း သာ သွားလိုက် ပြန်လိုက် လုပ်လို့ ကတော့ အတော်လေး ကို ပင်ပန်း ရမှာပဲ ဖြစ်လေတယ်။

ဒါ့အပြင် စျေးဆိုင်ငယ်လေး မှာ လူ နှစ်ယောက် မလိုအပ် ဘူးလေ။ ကမာ ကောင်တွေ က ရောင်းလို့ရော ရမလား ဆိုတာ ကိုလည်း သူ သေချာ မသိရ သေးဘူး။ ပြီးတော့ ကျိုးကောအာ လေး ကိုလည်း ရွာထဲ ကနေ ခေါ်သွားကာ အပြင်ဘက် လောက ရဲ့ လူသား တွေရဲ့ စိတ်ဓာတ် တွေကို မြင်တွေ့ ရအောင်လည်း မလုပ် နိုင် သေးပါပေ။

'' တစ်စုံ တစ်ယောက် က အိမ်ကို စောင့် ပြီးတော့ ကြည့်နေ ခဲ့ ရမယ်လေကွာ။ ပြီးတော့ မင်းပဲ ကိုယ်တို့ နေရာလေး ကို ခြံစည်းရိုး အဝိုင်းလေး ခတ်ချင်တယ် လို့ ပြောခဲ့တာ မဟုတ်ဘူး လား။ ကောင်းကင် ကြီး လင်း နေတုံး မင်း လုပ်လို့ ရတယ်လေ။ အခု ကြည့်ပါအုံး နွေဦးရာသီ က ကုန်လွန် လာနေ ပြီလေ။ မကြာခင် ပဲ ဆောင်းဦးကာလ ရောက်လာ တော့မှာနော်။ မင်း မြန်မြန်လေး အသီးအရွက် တွေ စိုက်သင့်နေ ပြီလေ ''

သူ့ကို မြို့က စျေးဆီ စျေးရောင်း ခေါ်မသွား ဘူးဆိုတာ ကို သိလိုက် ရတဲ့ အတွက် ကျိုးကောအာ ရဲ့ ဒေါသ တွေက ထွက်လာ ပြီးတော့ ကျောက်ချင် ကို စကား မပြောတော့ပေ။

ဒါပေမယ့် သူ့မျက်နှာလေး ကို ဆူပုတ် ထားတဲ့ အတွက်ကြောင့် ကျောက်ချင် ခမျာ ဒေါသ လည်း မထွက် နိုင်ပါပေ။

တံငါသည် (BL) Where stories live. Discover now