အပိုင်း (4.3)

1.9K 322 5
                                    

(4.3)

ဒီက ရွာသားတွေက ကြွယ်ဝ ကြပြီးတော့ ရွာနှစ်ခု ကြားထဲက ဆက်ဆံရေး ကလည်း အရမ်းကြီး မကောင်းပါပေ။

ရှားယု ရွာထဲကို နွားလှည်း ဖြတ်မောင်းတော့ ဘယ်သူကမှ ဘယ်သူ့ကို နှုတ်မဆက်ကြပေ။

တစ်ခါက သူတို့ရွာက  ယွမ်ရှီ ဆိုတဲ့ လူက ရှားယုရွာရဲ့ သူဌေးသား တစ်ယောက်ကို လမ်းပိတ်ပြီးတော့ ပိုက်ဆံတောင်း ခဲ့ ပေမယ့် ပိုက်ဆံ မရပဲ ရွာလူကြီးနဲ့ အသန်မာဆုံး အမျိုးသား တို့ရဲ့ ရိုက်နှက်ခြင်း ကို ခံလိုက်ရတယ် ဆိုတာ ကျောက်ချင် မသိပါပေ။

တစ်နာရီ ကုန်သွားပြီးနောက် ကောင်းကင် ကြီး က မဲမှောင်နေကာ သူတို့လည်း ပြန်ရောက် ပြီပဲ ဖြစ်လေတယ်။

ကျောက်ချင် ကတော့ သူ့ရဲ့ တင်ပါးတစ်ခုလုံး ထုံနေပြီ လို့ကို ခံစားလိုက်ရတယ်။ သူက နွားလှည်းပေါ် ကနေ ခုန်ချ လိုက်လေတယ်။

ကောင်မလေး ငယ်လေးက လက်ထဲမှာ မီးတုတ်ကိုင်ကာ သူတို့ရှိရာဆီကို ပြေးလာခဲ့ပြီးတော့ လှည်း​မောင်းသမားကို အဖိုးလို့ ပျော်ရွှင်စွာ ခေါ်လိုက်လေတယ်။

'' အိုက်ယား ''

လှည်းဆရာ က ကောင်မလေးကို ပွေ့ချီ လိုက်လေတယ်။

ထပ်ပြီးတော့ အသက်ကြီးတဲ့ အမျိုးသမီး နှစ်ယောက် ကလည်း လာကာ သူတို့က ကျောက်ချင်ကို သေချာကြည့် လိုက်ပြီးတော့မှ ဝမ်ရှင်းနဲ့ ချောင်ဖန် တို့ဆီကို အပြုံးလေး တွေနဲ့ သွားကြလေတယ်။

လူတိုင်းက လာကြိုခံ ရပြီးတော့ ဟော်ဆန်းအာ လိုလူကိုတောင်မှ အဖွားအိုတစ်ယောက်က လာကြိုလေတယ်။ ကျောက်ချင် က သူဝယ်ထားတဲ့ ပစ္စည်းတွေ ကို ယူကာ ဟော်ဆန်းအာ ကို နှုတ်ဆက်လိုက်ပြီးတော့ အမြန်ပဲ လမ်းလျောက် သွားတော့ လေတယ်။

သူက လမ်းကို ဖြတ်နေတုံး သူ့ရှေ့က ခွေးဟောင်နေတဲ့ အသံကို ကြားလိုက်ရတယ်။ သူသေချာ ကြည့်လိုက်တော့ သိပ်မဝေးတဲ့ နေရာမှာ ထူးဆန်းတဲ့ ပုံရိပ်တစ်ခု ရပ်နေတာကို တွေ့လိုက် ရလေတယ်။

သူလည်း လမ်းလျောက် သွားလိုက်တော့ အဲ့တာက ကျိုးကောအာ ဖြစ်နေ​လေတယ်။

တံငါသည် (BL) Unde poveștirile trăiesc. Descoperă acum