အပိုင်း (21.2)

1.4K 224 0
                                    

( 21. 2)

'' အကိုကျောက် ရှင်က ဒီမှာ ဘာလို့ သစ်ပင် ခုတ် နေတာလဲဟင်? ''

'' အကိုကျောက် ဘာလုပ်ဖို့ ဒီသစ်ပင်တွေကို ခုတ်နေတာ လဲဟင်? ''

ကျောက်ချင်ကို ရှာဖို့ လမ်းအရှည်ကြီး ထွက်ခဲ့ ရပြီးတဲ့နောက် ချောင်ဖန်က တောရိုင်း အသီးအရွက် နှစ်ခုလောက်ကို ခူးယူလာပြီးတော့ အပြုံးလေးနဲ့ ကျောက်ချင် နောက်မှာ ရပ်ကာ နှုတ်ဆက်နေခဲ့တယ်။

ရလဒ်ကတော့ အကြိမ်အနည်းငယ် အော်ခေါ် ပြီးတာတောင် မှ ကျောက်ချင် က မကြားသေးပါပေ။ ဒါပေမယ့် ဟော်ဆန်းအာ နဲ့ တစ်ခြားအမျိုးသား တွေက ကြားသွား ပြီးတော့ သူ့ကို ကူခေါ်လာပေး လေတယ်။

ကျောက်ချင် ခမျာ ငိုချင်လျက် နဲ့သာ တုံ့ပြန်လိုက် ရတယ်။

သူက အချိန်အတော်ကြာ ထိမမြင်ခဲ့တဲ့ ချောင်ဖန် ကို ကြည့်လိုက် လေတယ်။

သူ့ရဲ့ မျက်နှာ က အရင်က အကြည့်တွေ ထက် စာရင် ပိုပြီးတော့ ခက်ထန်နေခဲ့တယ်။ သူ့ကို ကြည့်ရတာ အတော်လေး ဗိုက်ဆာ နေတဲ့ အချိန်မှာ ဖြစ်တဲ့ အမူအရာ မျိုး ဖြစ်နေခဲ့တယ်။

''ဘာရှိလို့လဲ? ''

ချောင်ဖန် က သူမရဲ့ အဝတ်ထောင့် ကို ဖျစ်ညှစ်ကာ ခေါင်းကို မော့ပြီးတော့ ပြုံးပြ လိုက်လေတယ်။

'' ဘာမှ မဟုတ် ပါဘူး။ ကျွန်မ က အသီးအရွက်တွေ တူးဖို့ ထွက်လာတာ လေ။ ပြီးတော့ သစ်ပင် ခုတ်နေတဲ့ ရှင့်ကို တွေ့လို့ နှုတ်ဆက် လိုက်တာ ပါ ''

'' အော် ''

ကျောက်ချင် က အဲ့အတိုင်းသာ တုံ့ပြန်လိုက်ပြီး ပြန်လှည့်ကာ သစ်ပင်ကို ပဲ ဆက် ပြီးတော့ ခုတ် နေခဲ့ လေတယ်။

ချောင်ဖန် ရဲ့ မျက်နှာ က ပြာတစ်လှည့် နီ တစ်လှည့် ဖြစ်နေကာ သူမက အရှုံး မပေး သေးပါချေ။

'' ဒီနားမှာ အသီးအရွက်တွေ ရှိမယ်လို့ ကျွန်မ ထင်ထား ခဲ့တာ။ ဒါပေမယ့်  တောရိုင်း ကောင်တွေနဲ့ တွေ့မှာ ကို ကြောက် မိလို့လေ။ ဒီနေရာမှာ ပဲ အသီးအရွက် ခူးလို့ တူးလို့ ရမလားဟင်? ''

ကျောက်ချင် က သူ့ရဲ့ ဓား ကို ဝေ့ယမ်း ပြကာ သာမန်ကာလျှံကာ ပြောလိုက် လေတယ်။

တံငါသည် (BL) Where stories live. Discover now