အပိုင်း (32.1)

622 99 0
                                    

(32.1)

ကျိုးအိမ် က ညီအမ တွေ ဖြစ်တဲ့ ကျိုးချင်း နဲ့ ကျိုးရှင်း တို့က ကျောက်ချင်ကို နောက်တစ်ခေါက် ပြန်တွေ့ လိုက်ရတဲ့ အခါ သူတို့က မသိစိတ် ကနေ ပြီးတော့ ကျိုးဝေ့ရှီး ရဲ့ အနောက်ကို ပြေးပုန်း မိသွား ကြတော့လေတယ်။

ဒီပုံစံ မျိုး ဖြစ်နေတာကို ကြည့်ရခြင်း အားဖြင့် မနေ့ည က သူမ တို့တွေ သေချာပေါက် အပြစ် ပေးခြင်း နဲ့ ကြုံခဲ့ ရပြီးပြီး ဆိုတာ ကို သိနိုင်လေတယ်။ ဒါပေမယ့် ကျောက်ချင် က ထို ညီမ တွေကို ထပ်ပြီးတော့ မခြောက်လန့် တော့ ပါပေ။

ရွာလူကြီး က မနက်ခင်းမှာ ပင်လယ်ထွက် ပစ္စည်းတွေ အများကြီး ကို အတူတူ စုပေါင်း ပြီးတော့ ထားခဲ့ကာ သူ လာပြီးတော့ ရေတွက်မှာ ကို စောင့်နေ ခဲ့တာ ပဲ ဖြစ်လေတယ်။

ဆယ်ရက်လောက် အလုပ် ကြိုးစား ပြီးတဲ့နောက် ရလာတဲ့ ပင်လယ်ရေ ထွက် ပစ္စည်းတွေ က တကယ်ကို နည်းပါးတဲ့ ပမာဏ တော့ မဟုတ်တော့ ပါပေ။

အဆုံးမှာတော့ ဒါက ရွာတစ်ရွာ လုံးရဲ့ ရလဒ်တွေ ပဲလေ။ ဟိုနေရာ ဒီနေရာ ဆိုပြီးတော့ ခွဲထားတာ မျိုးတွေ ဘာတွေမရှိ ဘူးလေ။ ကျောက်ချင် ရဲ့ ခန့်မှန်းချက် အရ အဲ့တာ တွေက ၁၀၀ ကီလို ဂရမ် ထပ်တော့ ပိုများ နိုင်တယ် လို့ပေါ့လေ။

အမှန်တော့ ထို ပင်လယ်လှိုင်းကြီး သာ မကြုံခဲ့ ရရင် ငါးဖမ်းဖို့ အတွက် အကောင်းဆုံး ရာသီ ပဲ ဖြစ်လေတယ်။

ထို ပင်လယ်ငါး တွေက အခုလို အရှုပ်အထွေး တွေ ကြားမှာ ဖမ်းမိတာ ဖြစ်ပြီး နှစ်တိုင်း ရနေကြ  ပမာဏ နည်းနေ သေးတယ်လို့ တောင် ပြောလို့ ရလေတယ်။

ပြီးတော့ အခုချိန် က နှစ်သစ်ကူး ချိန်ကို နီးကပ် လာပြီ ဖြစ် လေတယ်။ စျေးထဲက လူတွေနဲ့ နေထိုင်မှု ဧရိယာထဲ မှာ ရှိတဲ့ လူတွေက အခုဆိုရင် နှစ်သစ်ကူး ဖို့ရာ အတွက် ပစ္စည်းတွေ စတင် ပြီးတော့ စုဆောင်း နေကြ ပြီ ဖြစ်ကာ သူတို့က ပင်လယ်ရေထွက် ပစ္စည်း တစ်ချို့ကို လည်း သေချာပေါက် နှစ်သစ်ကူးည အတွက် ဝယ်ကြ အုံးမှာ ပဲ ဖြစ်လေတယ်။

ကျောက်ချင် က ပင်လယ်ထွက်ကုန် တွေနဲ့ ပတ်သက်ပြီး စျေးမြှင့် ဖို့ရယ အတွက် ရွာလူကြီး နဲ့ တိုင်ပင် ဆွေးနွေး ခဲ့လေတယ်။

တံငါသည် (BL) Where stories live. Discover now