အပိုင်း (41.4)

1.4K 151 4
                                    

(41.4)

ဒီနေ့ စားသောက်ဖို့ လာတဲ့ ရွာသူရွာသား တွေက လက်ဆောင် ပစ္စည်းတွေ ယူလာခဲ့ ကြလေတယ်။ ထိုထဲက တစ်ချို့ ကတော့ ကြက်ဥ တွေနဲ့ ပင်လယ်စာ တွေ ဖြစ်လေတယ်။ ပြီးတော့ ခေါင်းကြောမာတဲ့ ကျိုးအိမ်တောင် မှပဲ ကျိုးကောအာ အတွက် အဝတ် တစ်ခုကို ချုပ်လာ ပေးခဲ့ လေတယ်။

ဒါက စုံတွဲ နှစ်ယောက် ကို အတော်​လေး အံ့သြ သွားစေ လေတယ်။

'' ဒုတိယ အကို က ဒီနေ့ အတော်လေး ကို ကြည့်ကောင်း နေတယ် ''

ကျိုးရှင်း က အံ့အား သင့်စွာ ပြောလိုက် လေတယ်။

'' အမေ ၊ သမီး မင်္ဂလာဆောင်ရင် လည်း အဲ့လို ရှင်းဖူ လှလှလေး ဝယ်ပြီး  ချုပ်ပေး ရမယ်နော် ''

ကျိုးဝေ့ရှီး က ဆူပူလိုက် လေတယ်။

'' နင်စကား ပြောတာကို ထိန်းပြောစမ်း ။ နင့်အကို ကို အရှက် ရအောင် မလုပ်မိ စေနဲ့ ။ နောက်ပြောင် မနေနဲ့တော့! ''

ကျောက်ချင် က နှုတ်ဆက် လိုက် လေတယ်။

'' အထဲကို ဝင်ပြီးတော့ ထိုင်ပါဗျာ ''

'' ကောင်းတယ် ၊ ကောင်းတယ် ''

ကျိုးတယု က ကျိုးကောအာ ရဲ့ ပုခုံးလေး ကို ပုတ်ပေး လိုက် တယ်။

'' ဒီနေ့တော့ မင်းက အရမ်းကို ပဲ တက်ကြွ နေတယ်ကွ ''

ကျိုးကောအာ က ခေါင်းငြိမ့် ပြလိုက် လေတယ်။

ကျိုးမိသားစု ဝင်သွား ပြီးတဲ့ နောက်မှာတော့ ဟော်လင်းလင်း က လိုက်ပြီး ဝင်လာခဲ့ လေတယ်။ ဟော်ဆန်းအာ ကတော့ မနက်ခင်း အစောကြီး ကတည်း က လာကူပေး နေတာ ပဲ ဖြစ်လေတယ်။

သူမက မင်္ဂလာ ပွဲကို မလာခင် အိမ်မှု ကိစ္စ တစ်ချို့ လုပ်စရာ ရှိတာ ကို လုပ်ခဲ့ ရတာ ပဲ ဖြစ်တယ်။ မိန်းကလေး ငယ် က အနည်းငယ် ရှက်ရွံ့မိတဲ့ အတွက်ကြောင့် အထဲကို ဝင်တဲ့ အခါ သူတို့ရဲ့ အကြည့်တွေကို ရှောင်လွဲ သွား ခဲ့ လေတယ်။

''ဂုဏ်ယူပါတယ် အကိုကျောက် နဲ့ ကျိုးကောအာ ''

သူတို့ နှစ်ယောက် က နီးကပ်နေတာ ကို တွေ့တော့ ဟော်လင်းလင်း တစ်ယောက် အပြစ်ရှိစိတ် ကို ခံစား လိုက် ရ လေတယ်။ သူမ က အစတုံး က အရာအားလုံး ကို လျစ်လျူ ရှု ပြီးတော့ ကျောက်ချင် နဲ့ လက်ထပ်ဖို့ပဲ လုပ်ခဲ့တယ်။ ဒါကြောင့် သူမ ရဲ့ အကိုကြီး နဲ့ အကိုကျောက် တို့ကို ပြဿနာ တွေ အများကြီး ပေးခဲ့ မိတယ်လေ။ ပြီးတော့ အကို ကျိုးကောအာ ကို ရောပဲပေါ့ ။

တံငါသည် (BL) Where stories live. Discover now