အပိုင်း (10)

1.9K 320 8
                                    

(10)

ကျောက်ချင် က ကျောက်သားနဲ့ လုပ်ထားတဲ့ရေစည်ကို လက်တစ်ဖက်တည်းနဲ့ မှီထားလေတယ်။

ကျောက်ငါးရှည့်တွေ ကတော့ ရေစည်ထဲက မြက်ပင်နဲ့ ရေမှော်တွေ ကြားမှာ မြွေလို ပုန်းနေပြီးတော့ တစ်ခြားပင်လယ်ငါးတွေ ပျော်ပျော်ကြီး ကူးခတ်နေချိန် သူတို့က အမှောင်ထဲ ကနေ ပြုံးနေခဲ့လေတယ်။

ထိုမိန်းမကြီးရဲ့ အကြည့်တွေ ကတော့ ကန်လေးထဲကိုတောင် ပြုတ်ကျတော့မတက် ပါပဲ။

'' အိုး ကြည့်စမ်းပါအုံး ငါးရှည့်ကြီးပဲ။ ကျွတ်စ် ပြီးတော့ ရွှေရောင် ငါးမုတ်တောင် ရှိနေ​သေးတယ်။ ''

ကျိုးဝေ့ရှီး က ပါးစပ်ကို အုပ်​ကာ ထို ကန် တစ်ခုလုံး ကို ကျိုးအိမ်ဆီ ပြန်သယ်သွားလိုခဲ့ လေတယ်။

သူမရဲ့လောဘ ကြီးနေတဲ့ အမူအရာ က ကျောက်ချင်ရဲ့ အမြင်ကို ကျယ်သွားစေတယ်။

'' သားမတ်ရေ အမေ့ကို အဲ့ရွှေရောင်ငါးမုတ် ဖမ်းပေးပါအုံး! ''

ကျိုးဝေ့ရှီး ကန်ထဲကို ညွှန်ပြလိုက်တယ်။ သူမက အကုန်ယူသွားဖို့ မဖြစ်နိုင်မှတော့ အကြီးဆုံး နဲ့ အရသာ အရှိဆုံး ငါးကြီးကို ရွေးယူဖို့ ဆုံးဖြတ် လိုက်တာ ပဲ ဖြစ်လေတယ်။

ကျောက်ချင် က ရယ်ကာပြောလေတယ်။

'' ခများက ဒီလောက်ကြီးတဲ့ ငါးကို လိုချငတယ််ပေါ့လေ''

ကျိုးဝေ့ရှီးက ယုံကြည် ချက်တွေ အပြည့်နဲ့ ခေါင်းငြိမ့်ပြလေတယ်။

'' ဟေး ငါက ဘာလို့ အဲ့ငါးကို မလိုချင်ရမှာလဲ။ ငါက အဲ့ ရွှေရောင် ငါးမုတ် နှစ်ကောင်လုံးကို လိုချင်တာ! ''

ကျောက်ချင် က ရေကန်ကို ကိုင်ထားလေတယ်။

'' ခများက ရှောက်ယုရဲ့ ဆွေမျိုးပဲ။ ခများက ငါးကြီး နှစ်ကောင် လိုချင်မှတော့ ပေးရမှာပေါ့။ ဒါတင်မက ဘူး ခများသာ လိုချင်ရင် ကျုပ်က အဲ့တာကို ရဖို့ ခများအတွက် နည်းလမ်း ရှာပေးနိုင်တယ်။ ''

ကျိုးဝေ့ရှီး က ဒီလောက်ကောင်းတဲ့ အပြောအောက်မှာ နစ်မြုပ်သွားကာ သမက်ကောင်း ရလို့ပျော်နေလေတယ်။
ဒါပေမယ့် ထိုစကားပြောပြီးတာနဲ့ ကျောက်ချင်ရဲ့ မျက်နှာက ရုတ်တရက် မဲမှောင်သွားတယ်။

တံငါသည် (BL) Där berättelser lever. Upptäck nu